တရုတ်နယ်စပ်က NUG၊ KIA နဲ့ CIA တို့ရဲ့အချိတ်အဆက်
+++++++++++++++++++++++++++++++++++++++++++
တရုတ်နယ်စပ်မှာနေပြီး CIA ထောက်ပံ့ကြေးလိုချင်လို့ NUG နဲ့ ပူးပေါင်းလိုက်တဲ့ KIA ရဲ့ အကွက်ကတော့ ကချင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် စိုးရိမ်စရာပါပဲ……
NUG ရဲ့မိခင် NLD လက်ထက်မှာ KIA ကို တန်းတူမဆက်ဆံခဲ့ပေမဲ့ နွေဦးတော်လှန်ရေးမှာ လက်နက်ခဲယမ်းအရောင်းအဝယ်ကိစ္စနဲ့ NUG နဲ့ KIA စည်းဝါးကိုက်ညီခဲ့ကြပါတယ်..
KIA က AA၊ TNLA ဆိုတဲ့ တပည့်တွေမွေးမြူပေးပြီး PDF တွေလည်း ထပ်မံမွေးထုတ် နေသလို သူတို့ရဲ့ လှုပ်ရှားနယ်မြေကိုလည်း စစ်ကိုင်းတိုင်းအထိ တိုးချဲ့လာခဲ့ပါတယ်…
KIA အနေနဲ့ နိုင်ငံရေးအရ NUG နဲ့ ပူးပေါင်းဆောင်ရွက်ပြီး စစ်ရေးမှာတော့ ဦးဆောင်သူ အနေနဲ့ လက်နက်၊ ခဲယမ်းအဓိက ထောက်ပံ့မှု လုပ်ပေးနေပါတယ်…
ဒီလိုလုပ်ဆောင်မှုအားလုံးအတွက် CIA ကနေ ငွေကြေး ထောက်ပံ့မှုတွေ ရယူပြီး အကျိုး အမြတ်များစွာရှိနေပါတယ်…
လတ်တလောမှာတော့ စစ်ကောင်စီဖြုတ်ချဖို့ ရည်မှန်းချက်နဲ့ KIA အဖွဲ့က သူတို့နဲ့အသွင်မတူတဲ့ NUG နဲ့ ပူးပေါင်းပြီး နောက်ကွယ်က CIA ရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်ပါလုပ်ဆောင်နေတာကို ပေါက်ဖော်ကြီးက မသိချင်ယောင်ဆောင်နေမှာတော့ မဟုတ်လောက် ပါဘူး.....
NUG ကို ကြိုးကိုင်ထောက်ပံ့နေတာဘယ်နိုင်ငံလဲ???
KIA အသက်ဆက်နေရခြင်းရဲ့ နောက်ကွယ်က ဘယ်နိုင်ငံရှိလဲ???ဆိုတာ သိနေကြတာမို့ KIA နဲ့ NUG တို့ရဲ့ နောက်ကွယ်က အချိတ်အဆက်တွေ ဘယ်လောက်ထိခိုင်မာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်…
NUG၊ KIA ၊ CIA ၊ တရုတ်တို့ရဲ့ ကစားပွဲမှာ နစကအပေါ် ဘယ်လိုသက်ရောက်လာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်...
# ညိုပြာညက်
Post a Comment