၂၀၂၁ ၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့ အာဏာထိန်းပြီး
နောက်ပိုင်း အောက်မှာပြထားတဲ့ ၂၀၁၄ တည်းက
ဗမာနာမည်တွေသုံးပြီး နိုင်ငံရေး၊ စည်းရုံးရေး၊ စိတ်
ဓာတ်စစ်ဆင်ရေး၊ သွေးထိုးလှုံ့ဆော်ရေး၊ ဝါဒဖြန့်ချိ
ရေးတွေ အချိန်ကိုက်လုပ်နေတဲ့ KIA ဆိုက်ဝါးအ
ကောင့်တွေကနေ ဒီမိုကရေစီအတွက် စစ်တပ်ဖြုတ်
ချမှရမယ်၊ တိုင်းရင်းသားတွေမှာ Federal Union
Army ထူထောင်ပြီးသားရှိတာမို့ ဗမာတွေ တော်
လှန်ရေးလုပ်ဖို့ ကချင်နဲ့ ကရင်ဘက်ကို တောခိုလာ
ကျပါဆိုပြီး ၎င်းတို့ရဲ့ အကောင့်တွေကနေတဆင့်
NLD ထောက်ခံသူတွေကိုင်ထားတဲ့ ဟစ်တိုင်ဂရု
တွေ၊ သတင်းပေါင်းစုဂရုတွေကနေတင်ခဲ့ကြတယ်၊
လက်ရှိအချိန်ထိလည်း တင်နေကျဆဲပဲ၊ သူတို့တွေ
ဂိုက်လိုင်းပေးလို့လည်း ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ
Federal Army တည်ထောင်ဖို့ဆိုပြီး ဘုမသိ
ဘမသိတောင်းဆိုခဲ့ကြပါသေးတယ်၊
ဒါတွေဘာလို့ လုပ်ခဲ့လည်းပြောပြရရင်---
(၁) သူတို့တည်ထောင်ထားတဲ့ Federal Union
Army(FUA)ကို တရားဝင် တပ်မတော်ဖြစ်လာ
စေရန်
(၂) အာဏာရှင်တော်လှန်ရေးဟုခေါင်းစဉ်တပ်ပြီး
ဗမာပြည်သူတွေအားဖြင့် တစ်နိုင်ငံလုံးတိုက်ယူပြီး
KIA/KNU မှ မြောက်ပိုင်း/တောင်ပိုင်းခွဲအုပ်ချုပ်ရန်
(၃) တော်လှန်ရေးပြီးလို့ ဗမာလက်နက်ကိုင်တွေ
ကိုယ့်အိမ်ကိုယ်ပြန် တိုက်ထားသည့် တပ်စခန်း
အားလုံး ၎င်းတို့ထိန်းချုပ်ရန်
(၄) NUG အစိုးရဖြစ်လာပါက လက်နက်ကိုင်အဖွဲ့မှ
လူများဖြင့် ဖွဲ့စည်းထားသူများဖြင့် ဖြန့်ခွဲအုပ်ချုပ်
ရန်(ဥပမာ- KIO/KIA ဆိုရင် KIO ဟာ ၎င်းတို့
လက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ ဖွဲ့ထားတဲ့ နိုင်ငံရေးအဖွဲ့
အစည်း)- တို့ပဲ ဖြစ်သည်။
အာဏာထိန်းပြီးနောက်ပိုင်း ကချင်အမျိုးသားများ
အတိုင်ပင်ခံအဖွဲ့ (WMR) ဉက္ကဌ ဒူဝါလရှီးလ ကို
သမ္မတတစ်ယောက်လုံးရှိပါလျက်နဲ့ ယာယီသမ္မဆို
ပြီး တင်မြှောက်ခဲ့တယ်။ မနေ့က ပင်လုံစာချုပ်ချုပ်
ဆိုခြင်း (၇၅)နှစ်မြောက် အခမ်းအနားမိန့် ခွန်းဆိုပြီး
(KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်က “စစ်
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခင်း
အကျင်းမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်
ရေးအတွက် လမ်းပွင့်နေပြီလို့ ယုံကြည်ကြောင်း၊
ပင်လုံကတိကဝတ် ဖော်ဆောင်နိုင်ရေး(၎င်းတို့ပြော
သည့်ပင်လုံစာချုပ်တွင် ၁၀နှစ်နေက ခွဲထွက်နိုင်
သည် ဆိုတာပါရှိ)အတွက် NUG ကဦးဆောင်ရမည်
ဖြစ်ကြောင်းနှင့် လူနည်းစု တိုင်းရင်းသားများ
အတွက် နိုင်ငံရေးအာမခံချက်ရှိပြီး ကိုယ့်ကြမ္မာ
ကိုယ် ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်
ရရှိရေးအတွက် အမြန်အကောင်အထည်ဖော်
ဆောင်ရွက်ရန် အချိန်ကိုက် ဖြစ်နေပြီ”ဟု အစိုးရရဲ့
ပြည်ထောင်စုနေပွဲမှာ အခြားလက်နက်ကိုင်အဖွဲ့များ
တက်ရောက်ခဲ့သော်လည်း ၎င်းတို့မတက်ဘဲ
သီးခြားရပ်တည်ကာ ပြောဆိုခဲ့ပါတယ်။
ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ကို ၂၀၁၁
ခုနှစ်၊ ဒီဇင်ဘာလတွင် ချင်းမိုင်မှာ KIA/KNU ဦးစီး
ကာဖွဲ့စည်းခဲ့ပြီး Federal Union Army(FUA)မှာ
ဘယ်အဖွဲ့တွေပါလည်းဆိုရင် AA(ANC)၊ ABSDF ၊ ALA(ALP)၊ ARSA၊ CNA(CNF) ၊ DKBA-5 ၊ KIA(KIO) ၊ KNA(B)၊ KNDO၊ KNLA(KNU)၊ KA(KNPP)၊ KPC ၊ LDU ၊ MNDAA ၊ MNLA ၊ NDAA(PSC) ၊ NSCN-K ၊ PDF(NUG) PLA(CPB)၊ PNA(PNO) ၊ PNLA(PNO)၊ RSO ၊ SNA SSA-N(SSPP)၊ SSA-S (RCSS)၊ TNLA(PSLF)၊ UWSA(UWSP) ၊ WNA(WNO)၊ ZRA(ZRO)၊ AA(ULA) တို့ပါဝင်ကြောင်း သတင်း
များတွင်ဖော်ပြထားသည်။ PDF(NUG)သည်
အာဏာထိန်းပြီးနောက်ပိုင်းမှ ပါဝင်လာတာ
ဖြစ်သည်။
၂၀၁၃ခုနှစ် နိုဝင်ဘာလနှောင်းပိုင်း ချင်းမိုင်မှာ
UNFC အစည်းအဝေးပွဲမှာ သောင်းကျန်းသူများ
ဖြင့်ဖွဲ့စည်းထားသည့် ဖယ်ဒရယ် ပြည်ထောင်စု
တပ်မတော်၏ စစ်ဦးစီးချုပ်အဖြစ် KNLA ဒုဦးစီး
ချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ဘီထူးအား ခန့်အပ်
ထားကြောင်း၊ KNU တပ်မဟာ (၅) ဘောကျော်ဟဲ
သည် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တောင်
ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကေအိုင်အေ စစ်
ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်ကို မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
ကျနော်ပြောတာမယုံလျင် Google မှာ “Federal
Union Army(FUA)” ဆိုပြီးရိုက်ရှာကြည့် ဦးရည်
မွန်ဦးဆောင်တဲ့ PDF(NUG)ဟာ နိုင်ငံ့ကာကွယ်ရေး
တပ်မဟုတ်ပါဘူး၊ KIA/KNU လက်အောက်မှာပါ
ပြီး သူတို့အာဏာရရှိရေးအတွက် အသုံးချခံနေရတဲ့
အဖွဲ့ဆိုတာကို တွေ့ရပါလိမ့်မယ်။
ဒါတွေကို အခုတိုက်နေတဲ့ကလေးတေွမသိဘူး
KIA/KNU ဟာ သူတို့ရဲ့ ကယ်တင်ရှင်ကြီးလို့သာ
ခုထိသိထားတာပါ၊ ပြည်နယ်ခွဲထွက်ရေးနဲ့ ကိုယ်ပိုင်
အုပ်ချုပ်ခွင့် ရရှိရေးအတွက်ဆိုပြီး နှစ် ၆၀ တိုက်
လာတဲ့သူတွေက အချိန်၊ အသက်၊ ငွေ အကုန်ခံပြီး
တိုက်ပေးနေတာ၊ သင်တန်းပေးနေတာအလကား
မဟုတ်ဘူးဆိုတာတော့ သတိချပ်သင့်တယ်၊စနစ်
တကျနဲ့လုပ်ထားတဲ့အရာကို အာဏာထိန်းတာနဲ့
အကြောင်းပြပြီး ပြည်တွင်းနေလူထုကို ဒီမိုကရေစီ
ရရှိရေးဗန်းပြပြီး ချနင်းခဲ့တယ်လို့ဆိုရမှာပါပဲ။
စာရှည်သွားပြီမို့ ဒူဝါလရှီးလက ဘယ်သူလဲနဲ့
အပေါ်မှာတင်ပြထားတဲ့အချက်တွေ နောက်နေ့
ဆက်ရေးပေးပါမယ်။
မင်းချစ်ဦး(၁၃-၂-၂၀၂၂)
#MinChitOo
KIA ဆိုက်ဝါးအကောင့်လင့်များ
https://www.facebook.com/profile.php?id=100009495956899
https://www.facebook.com/profile.php?id=100014867861971
https://www.facebook.com/profile.php?id=100015078187655
https://www.facebook.com/profile.php?id=100015115324017
https://www.facebook.com/profile.php?id=100018241023990
https://www.facebook.com/profile.php?id=100019923430598
https://www.facebook.com/profile.php?id=100022939223746
https://www.facebook.com/profile.php?id=100024672290640
https://www.facebook.com/profile.php?id=100024877571075
https://www.facebook.com/profile.php?id=100024906577549
https://www.facebook.com/profile.php?id=100051892203657
https://www.facebook.com/profile.php?id=100054365623890
https://www.facebook.com/lwin.k.htett.7
Post a Comment