■ ဒီမိုကရေစီစနစ်မှာ သဘောထား ကွဲလွဲမှုကို လက်ခံပေမယ့် ဆူပူအကြမ်းဖက်မှုကို လက်မခံကြောင်း နစက ဥက္ကဌပြော
=======================
ဒီမိုကရေစီစနစ်မှာ သဘောထားကွဲလွဲမှုကို လက်ခံပေမယ့် ဆူပူအကြမ်းဖက်မှုကို လက်မခံနိုင်တဲ့အကြောင်း နစက ဥက္ကဌက ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။
လက်ရှိမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကမ္ဘာ့မြေပုံပေါ်မှာ နိုင်ငံရေးအရ အင်အားခြင်းပြိုင်ဆိုင်နေရာမှာ မြန်မာနိုင်ငံလို ပထဝီနိုင်ငံရေးအတွက် အရေးပါတဲ့နိုင်ငံအပေါ် နည်းမျိုးစုံနဲ့ သူတို့ရဲ့ စိတ်တိုင်းကျ ပုံဖော်ဖို့ကြိုးစားနေတာတွေကို တွေ့မြင်ရတဲ့အကြောင်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
အဲ့ဒီလိုပဲ အခုလိုအခြေအနေတွေကို အစွဲကင်းကင်း သံသယကင်းကင်းနဲ့ အရှိအတိုင်းသုံးသပ်ဖို့ လိုအပ်တဲ့ အကြောင်း လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီမိုကရေစီစနစ်မှာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့က အရေးအကြီးဆုံး ဖြစ်တဲ့အကြောင်းနဲ့ တကယ်လို့သာ မှန်ကန်မျှတပြီး သမာသမတ်ကျတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့ရင် အခုလို အခြေအနေတွေ ဖြစ်လာစရာမရှိတဲ့အကြောင်း ကိုလည်း နစကဥက္ကဌက ပြောပါတယ်။
ဒီမိုကရေစီစနစ်မှာ အယူအဆမတူမှု သဘောထားကွဲလွဲမှုများကို လက်ခံရမည်ဖြစ်သော်လည်း လူTတ် ၊မီးရှို့ ၊မိုင်းထောင် ဖောက်ခွဲစသည့် တိုင်းရင်းသားပြည်သူများကို ဒုက္ခဆင်းရဲဖြစ်စေသည့် ဆူပူအကြမ်းဖက်တာတွေကိုတော့ လက်ခံနိုင်စရာ မရှိတဲ့အကြောင်း ၇၅နှစ်ပြည့် ပြည်ထောင်စုနေ့ အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
# KT
Post a Comment