တရုတ်သဘောထားကြီးမယ်တဲ့လား

တရုတ်သဘောထားကြီးမယ်တဲ့လား
========================
မနေ့က KIA ဂမ်ရှောင်က ဖက်ဒရယ်ပြည်ထောင်စု
ပေါ်ပေါက်လာဖို့ NUG က ဦးဆောင်ရန် ပြောလိုက် 
ပါတယ်။ အခုရက်ပိုင်း စစ်အစိုးရကို စစ်ရေးနည်းနဲ့
ဖြုတ်ချပြီး ဖက်ဒရယ်ပြည်ထောင်စု စုပေါင်းတည် 
ထောင်ကြရန် လှုံ့ဆော်မှုတွေ ခပ်စိပ်စိပ်တွေ့လာရ
တယ်။

မကြာခင်ကပဲ မဟာမိတ်တပ်ပေါင်းစုများအောက်
မှာ ပင်မစစ်ဦးစီးချုပ်ရွေးချယ်ဖို့ ပြောဆိုနေသလို 
ထိုးစစ်ကြီး စုပေါင်းဆင်နွှဲဖို့ တိုက်တွန်းသံတွေ ထွက်လာပြန်တယ်။ စောင်ဆရာကြီးတွေကတော့ 
KIA နဲ့ KNU ပေါ့။

နောက်ကွယ်မှာတော့ ထင်သလောက် မရိုးလှဘူး။
US ရဲ့ရည်မှန်းချက်ဖြစ်တဲ့ တရုတ်ကြီးကို ဝိုင်းပတ်
ပိတ်ဆို့မယ့်မူပြည့်ဖို့ အနည်းငယ်ပဲလိုတော့တယ်။ 

တရုတ်ကြီးကို အကုန်လုံးဝိုင်းထားပြီးဖြစ်သလို 
တရုတ်ရဲ့ အသက်ရူပေါက်က မြန်မာနိုင်ငံတစ်ခု
သာကျန်ပါတော့တယ်။ ဒါကြောင့် US က မြန်မာ
ကို ပုဂ္ဂိုလ်ရေးအရ မမုန်းသော်လည်း သူ့အကျိုးစီး 
ပွားအရ တရုတ်ကိုတိုက်ခိုက်ချင် တာဖြစ်လို့ မြန်မာ့
နိုင်ငံရေး မတည်ငြိမ်အောင် အမျိုးမျိုးဆက်လုပ်နေ
ဦးမှာပဲဖြစ်တယ်။

ဟိုတလောက CIA အကြီးတန်းအရာရှိ ထိုင်းကိုလာ
ပြီး မွှေတယ်။ KNU လေသံပြောင်းလာတယ်။ အခု
လည်း KIA ကို CIA က ညွှန်ကြားလာခဲ့ပြီး NUG 
လေလှိုင်းအစိုးရနဲ့ ပူးပေါင်းအာချောင်လာတယ်။

ဒါကြောင့် US က တရုတ်ကို ဖိအားပေးချင်လို့ 
သူတို့ကြိုးဆွဲလို့ရမယ့် NUG ကို ထောက်ပံ့တယ်။ 
တချို့ EAOs တွေကို ထောက်ပံ့တယ်။ 

KIA/KNU ကလည်း တစ်ချက်ခုတ်/နှစ်ချက်ပြတ်
ဆိုပြီး CIA ရဲ့ထောက်ပံ့ကြေး လည်းရ၊ ပြည်ထောင် 
စုက ခွဲထွက်ဖို့နည်းလည်းရဆိုပြီး NUG ကို Backup 
လုပ်တယ်။ မျောက်ပြ ဆန်တောင်း အဆင့်ပါ။

သူတို့က တပ်မတော်အစိုးရနဲ့ လက်မတွဲဘူး၊ စစ်
ရေးနဲ့ ဖြေရှင်းမယ်ဆိုတဲ့ အသံတွေဟာ နစကရဲ့ 
ငြိမ်းချမ်းရေးလက်တွဲခေါ်သံကို နားပိတ်ပြီး ရွှေ
လက်ကို ပုတ်ချလိုက်တာဖြစ်လို့ တပ်မတော် အနေ
နဲ့ သည်းခံနိုင်တဲ့ Limit ကုန်သွားပြီလို့ ပြောလို့ရ
တယ်။

သည်းခံနိုင်စွမ်းကုန်သွားပြီဖြစ်တဲ့အတွက် ရင်ထဲက
ဆူးကို တစ်ချောင်းချင်း ရင်နာနာနဲ့ ဆွဲနုတ်ရပါတော့
မည်။ ညှာတာထောက်ထားလို့မရတော့ပါ။

အဲဒီဆူးတွေဟာ တပ်မတော်ရဲ့ ဆွဲနုတ်တာကိုခံရ
မယ့်အပြင် အင်အားကြီးနိုင်ငံ တရုတ်ကလည်း 
CIA ရဲ့ တံတွေးအစွတ်မခံဘဲ KIA ကို အရေခွံစုတ်
ပါလိမ့်မယ်။ 

တရုတ်ကြီး ဘယ်အချိန် ပွဲဝင် က မလည်းဆိုတာ 
စောင့်ကြည့်ကြတာပေါ့။

#KT

Post a Comment

Previous Post Next Post