ပခုက္ကူမြို့ပေါ်ရှိ အင်းဝဘဏ်အား NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သောင်းကျန်းသူများ သေနတ်ဖြင့် ပစ်ခတ်

ပခုက္ကူမြို့ပေါ်ရှိ အင်းဝဘဏ်အား NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သောင်းကျန်းသူများ သေနတ်ဖြင့် ပစ်ခတ်

MNP ၊ ဇန်နဝါရီ ၅

ဇန်နဝါရီ ၄ရက် ည ၆နာရီခွဲခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ အင်းဝဘဏ်အား PDF အကြမ်းဖက်သောင်းကျန်းသူများက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ထိုသို့လာရောက်ပစ်ခတ်စဉ် ဘဏ်အနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF များ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အတွင်းရှိ PDF အကြမ်းဖက်သောင်းကျန်းသူများသည် အများပြည်သူအထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ မိုင်းထောင်ဖောက်ခွဲမှုများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချောင်းမြောင်းပစ်ခတ်မှုများအား လုပ်ဆောင်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းတို့သည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်းကလည်း ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာမှု မရှိခဲ့ကြောင်း သိရသည်။

သတင်း - သီဟ
https://t.me/MyanmarNationalPost
http://www.mnpnewsagency.com

Post a Comment

Previous Post Next Post