နီပိတ်တို့ရဲ့မန်မိုရီဟာ ဒီတစ်နှစ်လုံးစိတ်ဝင်စားဖွယ်ရာတွေနဲ့ ပြည့်နှက်နေတော့မှာဖြစ်ပါတယ်

▪️နီပိတ်တို့ရဲ့မန်မိုရီဟာ 
     ဒီတစ်နှစ်လုံးစိတ်ဝင်စားဖွယ်ရာတွေနဲ့
     ပြည့်နှက်နေတော့မှာဖြစ်ပါတယ်။

▪️၇၂ နာရီတိတိငြိမ်သက်ရန်ဆိုတဲ့
     ဂျင်းတုံးကနေ copy and credit ဆိုတဲ့
     ဂျင်းတုံးလေးတွေဟာတစ်ရက်ချင်း
     ပြန်တက်လာတာမြင်ရပါတော့မယ်။🤣

▪️ကျွန်တော်ကိုဘယ်သူ ကျွန်မ မဘယ်သူသည်
     ဘယ်ဌာနကဝန်ထမ်းဖြစ်ပါသည်။
     ကျောင်းသူကျောင်းသားဖြစ်ပါသည်။
     Civil disobedience moment ကိုထောက်ခံပါသည်။

▪️CDM ဝင်သူများအားလုံးကို
     ပြည်သူကထမင်းတင်ကျွေးထားပါ့မယ်ဆိုတဲ့
     ဂျင်းကနေ CDM မဝင်သူများကို
     နည်းမျိုးစုံဓာတ်ပုံရိုက်အရှက်ခွဲတဲ့
     အောက်တန်းကျကျအပြုအမူတွေကလည်း
     တွဲရက်တက်လာမှာဖြစ်ပါတယ်။

▪️CDM ဟာတစ်လပဲကြာမှာဆိုတဲ့
     ဂျင်းမွှေးမွှေးလေးကလည်း အခုလောက်ဆို
     အပုတ်နံ့တလှိုင်လှိုင်နဲ့ ပြန်တက်လာလောက်ပါပြီ။🤣

▪️R2P ဝင်ပါတော့ဆိုတဲ့ ဂျင်းတက်ကနေ
     ကျွန်တော်ကျွန်မတို့သည်လိုအပ်ပါက 
     CRPH မှဖွဲ့စည်းသော စစ်တပ်တွင်
     စစ်မှုထမ်းပါမည်ဆိုတဲ့ဂျင်းကလည်း
     လှပဝေဆာစွာပြန်တက်လာဦးမယ်။🤣

▪️တပ်ချုပ်က သမ္မတလုပ်ချင်လို့
     အမေစုနဲ့လာညှိဆိုတဲ့ တပ်တွင်း
     လှို့ဝှက်ထိပ်တန်းတကာ့ထိပ်တန်းသတင်းကြီး
     ဆိုတာကိုလည်းဘယ်လို Captain နဲ့များ 
     ပြန်တက်လာမှာပါလိမ့်။🤔

▪️တဆက်တည်းမှာ တပ်ချုပ်မိသားစု
     တရုတ်ပြည်ကိုပြေးပြီ
     ဝန်ထမ်းတွေကို လစာပေးစရာမရှိတော့လို့
     ရွှေတိဂုံဘုရားငွေကိုသုံးနေရပြီဆိုတဲ့
     လော်ဘီတွေရဲ့ ဂျင်းကလည်း တက်ဦးမယ်ထင်တယ်။🤣

▪️ပြီးတဲ့အခါ social Punishment ဆိုပြီး
     သူတစ်ပါးရပ်တည်ချက်ကို
     စော်ကားပုတ်ခတ်ခဲ့ကြသော
     စိတ်ပုတ်စိတ်ယုတ်တွေကလည်း
     အမှတ်တရအဖြစ်မျက်စိရှေ့ပြန်မြင်ရမှာပေါ့။

▪️အချို့ကတော့ 
     ကိုယ့်လုပ်ရပ်ကိုယ်ရှက်လို့ဖျက်လိုက်ရတဲ့အခါ
     ပြန်တက်တော့မှာမဟုတ်ဘူးပေါ့။
     ဒါပေမယ့် ကိုယ်ဘာလုပ်ခဲ့လဲဆိုတာ
     ကိုယ့်ကိုကိုယ်သိပါတယ်။😏

▪️ပြီးခဲ့တဲ့တစ်နှစ်တာမှာ 
     ကိုယ်ဘာတွေလုပ်ခဲ့မိလဲဆိုတာကို
     ကွက်ကွက်ကွင်းကွင်းပြန်မြင်ရတဲ့အခါ
     အချို့ကလည်း လိပ်ပြာမလုံစွာနဲ့ဖျက်ပစ်ပါလိမ့်မယ်။
     အချို့ကတော့ မသိယောင်ဆောင်ကာ
     နေလိုက်မှာပေါ့နော်။

▪️သူတို့မန်မိုရီမှာမတက်မယ့်
     အမှန်တရားအချို့ကလည်း ရှိပါလိမ့်မယ်။

▪️ဆန္ဒပြပြည်သူဟာ လမ်းပိတ်ပြီး
     ပြည်သူချင်းရန်ပြုတာတွေစဖြစ်လာတယ်။
     မပစ်ခင် ပြည်သူတွေငြိမ်သက်ဖို့
     စစ်တပ်ကအရင်အားထုတ်တယ်။
     ပြည်သူကရဲတွေကိုရန်ပြုတယ်။ 
     သတ်တာထိဖြစ်လာတယ်။

▪️မီးသတ်ကားတွေကိုလည်း မီးပေးမငြိမ်း
     စက်ရုံတွေကိုလည်း မီးရှို့နဲ့ 
     ပြည်သူဘဝမလုံခြုံဖြစ်လာတယ်။
     စတဲ့ သူတို့ရဲ့အောက်တန်းကျကျအပြုအမူတွေကတော့
     မန်မိုရီပြန်တက်မှာမဟုတ်ပါဘူး။

▪️ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အောက်တန်းစား    
     အပြုအမူတွေကို
     မှတ်တမ်းတင်ရေးသားနေခဲ့ကြတဲ့
     ကိုယ်တို့လို စာရေးသူတွေရဲ့အကောင့်အားလုံးဟာ
     တစ်ဖက်သတ်သတင်းဖြစ်ပေါ်အောင်
     ရီပို့ထုကာ အဖိခံထားရတဲ့စာရင်းထဲကို
     ပါကုန်ပြီး အကောင့်တွေကျကုန်တာကြောင့်ပါပဲ။

▪️တစ်ဖက်သတ်သတင်း တစ်ဖက်သတ်ဂျင်းနဲ့သာ
     စတင်ခဲ့ရသော တော်လှန်ရေးဆိုတာ
     တိုင်းပြည်ပျက်ရုံကလွဲရင်
     အရာမထင်ခဲ့တာ တစ်နှစ်ပြည့်တဲ့ထိ
     မသိသေးရင်လည်း ဆက်လက်ဂျင်းထည့်ကြပါတော့။

▪️ဂျင်းလေးပါတော့ ဟင်းလည်းပိုမွှေးတာပေါ့နော့။🤔🤣

#SniperSu

Post a Comment

Previous Post Next Post