NLD အစွန်းရောက် CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူများအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်စေရန် ချိတ်ဆက်လှုံ့ဆော်နေကြပုံ
MNP ၊ ဇန်နဝါရီ ၅
မဲလိမ် မဲခိုး မဲမသမာမှုများကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရသော NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများသည် ၎င်းတို့၏ ဥပဒေမဲ့ ဆောင်ရွက်ချက်များ၊ အဂတိလိုက်စားမှုများကို အများပြည်သူ မသိစေရန် ၎င်းတို့၏ လော်ဘီမီဒီယာအင်အားဖြင့် ဖုံးကွယ်လိမ်ညာပြီး တပ်မတော်က အာဏာလုယူသယောင် လုပ်ကြံဖန်တီး ဝါဒဖြန့်လှုံ့ဆော်ကာ ဆူပူအကြမ်းဖက်မှုများတွင် အများပြည်သူ ပါဝင်လာစေရန် နည်းမျိုးစုံဖြင့် လှုံ့ဆော်ခဲ့ကြသည်။
အာဏာလက်မဲ့ဖြစ်ခဲ့ရပြီးနောက် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့မျိုးစုံကို ဖွဲ့စည်းပြီး လူငယ်များကို အကြမ်းဖက်သမားများအဖြစ် အသုံးချကာ ဖောက်ခွဲတိုက်ခိုက် ဖျက်ဆီးမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများ၏ လှုံ့ဆော်ဝါဒဖြန့် အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ၂၀၀၀ ကျော် သေဆုံးခဲ့ရသည်။
https://t.me/MyanmarNationalPost
http://www.mnpnewsagency.com
Post a Comment