ပုသိမ်ကြီးမြို့နယ်ရှိ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသုံးစာအုပ်များကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

ပုသိမ်ကြီးမြို့နယ်ရှိ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသုံးစာအုပ်များကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

MNP ၊ ဖဖော်ဝါရီ ၃
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မန္တလေး-ပြင်ဦးလွင်လမ်းပေါ်ရှိ လက်ကောင်းကျေးရွာ အထက်တန်း ကျောင်းခွဲမှ ကျောင်းသုံးပုံနှိပ်စာအုပ်များအား NLD အစွန်းရောက် PDF အကြမ်းဖက်များက မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် အစောပိုင်းက အဆိုပါကျောင်း အကယ်ဒမီရွှေစင်ကျောင်းဆောင် အောက်ထပ် စာသင်ထိုင်ခုံများပေါ်၌ ကျောင်းသုံးပုံနှိပ်စာအုပ်များကို စုပုံတင်၍ မီးရှို့ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

NLD အစွးန်ရောက်များသည် အလုံးစုံပျက်သုဉ်းရေးကို ရည်ရွယ်လုပ်ဆောင်လျက်ရှိပြီး ပညာရေးဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများကို ဗုံးခွဲတိုက်ခိုက်ခြင်းများလည်း လုပ်ဆောင်ခဲ့ကြသည်။

Photo Crd
https://t.me/MyanmarNationalPost
www.mnpnewsagency.com

Post a Comment

Previous Post Next Post