တပ်မတော်မှ အာဏာထိန်းသိမ်းခဲ့ရသည့် ၁ နှစ်တာ ကာလအတွင်း ရင်ဆိုင်ခဲ့ရသော အခက်အခဲများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ််ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ မိန့်ခွန်းကောက်နုတ်ချက်များ

တပ်မတော်မှ အာဏာထိန်းသိမ်းခဲ့ရသည့် ၁ နှစ်တာ ကာလအတွင်း ရင်ဆိုင်ခဲ့ရသော အခက်အခဲများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ််ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ မိန့်ခွန်းကောက်နုတ်ချက်များ-
================================
• နိုင်ငံတော်အနေဖြင့် ၁ နှစ်အတွင်း ဘက်ပေါင်းစုံမှ ခက်ခဲသည့် အကြပ်အတည်းများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း  နိုင်ငံ့ဝန်ထမ်းကောင်းများအပါအဝင် ပြည်သူလူထု၏ 
ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်အောင်ကျော်လွှားနိုင်ခဲ့။

• အချို့ဝန်ထမ်းများသည် နိုင်ငံ၏မျက်နှာကို မကြည့်ဘဲ CDM လုပ်ဆောင်ခဲ့၍ ဆူပူအကြမ်းဖက်မှုကိုမလိုလားသည့် ဝန်ထမ်းကောင်းများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရ။

• နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ကို သစ္စာရှိသည့် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် သက်ဆိုင်ရာမှ ဌာနဆိုင်ရာများ၏ သစ္စာရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူ များ၏ပါဝင်မှုတို့ဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းကို အချိန်တိုအတွင်း ကျော်ဖြတ်ခဲ့ကြောင်း။

• နိုင်ငံတော်အနေဖြင့် တတိယလှိုင်းကာလအတွင်း      အောက်ဆီဂျင်လိုအပ်ချက် ကြီးမားစွာဖြစ်ပေါ်ခဲ့ချိန်တွင် အောက်ဆီဂျင်အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆေးပစ္စည်းများ၊ ကာကွယ်ဆေးများနှင့် ကုသဆေးများကို အချိန်မီရရှိအောင် ဆောင်ရွက်နိုင်ခဲ့။ 

• အစိုးရရပ်တည်မှုမရနိုင်ရန် ပြည်ပဩဇာခံများက ပြည်ပနိုင်ငံကြီးအချို့နှင့် ပူးပေါင်းကာ ဘဏ်စနစ်ပြိုလဲပြီး စီးပွားရေးယိုင်လဲရန် ဆောင်ရွက်ခဲ့သော်လည်း ကြံ့ကြံ့ခံ၍ ဖြတ်ကျော်နိုင်ခဲ့။

ဒါ့အပြင် အားတက်ဖွယ်ရာ ကိစ္စတစ်ခုကတော့ အရေးပေါ်ကာလ ဥပဒေအရပြဌာန်းချက်ပါ ကိစ္စရပ်များ ဆောင်ရွက်ပြီးပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရား မျှတသောပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။☺️☺️☺️

Post a Comment

Previous Post Next Post