#KIAအသုံးချခံအညာသားဗမာလူငယ်များဘဝ
အခုရက်ပိုင်း KIO KIAက
သူ့တပ်မဟာ(၁) နယ်မြေ ပူတာအို-
ဆွမ်ပရာဘွမ်လမ်းအပိုင်းကို စစ်အင်
အားတိုးချဲ့ပြီး စစ်ရေးပြင်ဆင်နေတယ်
လို့ သိရတယ်။
အထူးသဖြင့် ဒီနယ်မြေ
ဒီလမ်းကြောင်း ပေါ်မှာ KIA ရင်း
(၂၂)ရင်း( ၁၁ )ရင်း(၄)ကို လူအင်
အား(၁၀၀၀)ကျော်ကို ဖြည့်တင်းထား
ပါတယ်။
ဖြည့်တင်းလိုက်တဲ့ လူအင်အား တစ်ထောင်ကျော် က ကချင်လူမျိုးတွေ မဟုတ်ဘဲ
ကသာ ဝန်သို ကော်လင်း ကန့်ဘလူဒေသ
အညာသား ဗမာလူငယ်တွေ ကို ဆင့်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုရောက်ရှိလာပြီးဗမာလူငယ် တစ်ထောင်ကျော် ကို ရောက်တာနဲ့ KIA ယူနီဖောင်းဝတ်ဆင်ပေးပြီး
လက်နက်ကိုယ်စီ တပ်ဆင်ပေးထားတယ်လို့ မျက်မြင်ဒေသခံများက ဆိုပါတယ်။
အညာသားဗမာမိဘ တွေက လည်း သူတို့သားသမီး တွေ KIA က သွေးဆောင်ခေါ်ယူခဲ့တယ်လို့ သတင်း ပေးလာကြတယ်။
KIA က အုပ်ချုပ်ထောက်ပံ့မှု အနေဖြင့်
ဆွမ်ပရာဘွမ်-ပူတာအို လမ်းတစ်လျှောက်ရွာတွေကို ဆက်ကြေးကောက်တယ်။
အိမ်တိုင်း ရိက္ခါထောက်ပံ့ဖို့ အမိန့်ထုတ်ထားတယ်လို့ သိရတယ်။
တစ်နေ့က ဒရုခ နဲ့
ဆွမ်ပီယန် စခန်းတွေ KIA/ PDF ဝင်တိုက်တာဟာ ဒီဒေသ တိုက်ပွဲကြီး ရဲ့ ရှေ့ပြေးနိမိတ် ဖြစ်လိမ့်မယ်။
KIO/KIA အခုလို စစ်ရေးပြင်ဆင်လာတာဟာ ရည်ရွယ်ချက် ( ၂) ချက်ရှိတာကို သတိပြုမိတယ်။
ပထမ အချက် က KIO/KIA ရဲ့ ကျင့်သုံးနေကြဗျူဟာ တစ်ခုဖြစ်တဲ့ သူ့ KIA ကချင်တပ်သား တွေ အစား
အညာသား ဗမာတွေကို ရှေ့ကနေ အသေခံတိုက် ခိုက်ခိုင်းတယ်။
( ရှမ်းနီ လူငယ်တွေကို ထိုးကျွေးခဲ့တဲ့ပုံစံမျိုးပါ)
ဗမာလူငယ်တွေ ကို ထိုးကျွေးပြီ သူ့ရဲ့ စစ်ရေးရည်မှန်းချက်အောင်မြင်စေရေးအကောင်ထည် ဖော်လုပ်ဆောင်နေတယ်။
တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို
KIOဥက္ကဌ ပြောနေကျ စကားအတိုင်းပါပဲ။
ဗမာလူမျိုးကြီးဝါဒအမြစ်ပြတ်ချေမှူန်းရေးအတွက် ဗမာတွေ မညီညွတ်မှုကို အသုံးချ ပြီး သူ့အရိုးနဲ့ သူထိုးခိုင်းဖို့ နောက်ကွယ်က ကြိုးကိုင်နေတာကို တွေ့ရမယ်။
ဒုတိယအချက် က သူတို့ရဲ့ စစ်ရေး ရည်မှန်းချက် အရ တပ်မဟာ ( ၁) နယ်မြေ ပူတာအို-ဆွမ်ပရာဘွမ်လမ်းကြောင်း ကို ဖြတ်တောက်ပိတ်ဆို့ပြီး ပူတာအို မြို့ကို သိမ်းပိုက်ကာလွတ်မြောက်နယ်မြေထူထောင်ရေး ဖြစ်ပါတယ်။
KIA ဟာ သူ့အလုပ် သူလုပ်တာ ဖြစ်လို့
ဘာမှ ပြောစရာ မလိုပေမဲ့ အဓိက ပြောချင်တာ က KIA ခိုင်းသမျှ မှိုင်းမိပြီး လျှောက်လုပ်နေကြတဲ့ KIA တစ်ပိုင်း ဗမာလူငယ်တွေကိုပါ။
KIA အပါအဝင် ဘယ်EAO မှတော့ ဗမာတွေ ကို ချစ်လွန်းလို့ ဒီမိုကရေစီ ရစေချင်လွန်းလို့ တော်လှန်ရေး အောင်မြင်စေချင်လွန်းလို့ စစ်ပညာသင်ပေးပြီး လက်နက်တပ်ဆင်ပေးထားတာ တော့ မဟုတ်ပါဘူး။
သူတို့ အကျိုးစီးပွား အတွက် ဗမာလူငယ် တွေ အချင်းချင်း ချနင်းနေကြတယ်ဆိုတာကို နားလည် သဘောပေါက်ကြဖို့လိုတယ်။
ဒါကြောင့် ဗမာလူငယ်တွေ အနေနဲ့ အမြင်မှန် ရဖို့ အရေးကြီးသလို KIA အသုံးချခံဘဝ ကနေ လွတ်မြောက်အောင် ရုန်းထွက်သွားကြပါလို့ ပြောချင်ပါတယ်။
တပ်မတော် အနေဖြင့်လည်း ဖြစ်ပေါ်နေတဲ့
စစ်ရေးသတင်း အခြေအနေကိုလိုက်ပြီး ပစ်ကူ စစ်ကူ စီမံချက်တွေ ပြင်ဆင့်ထားရမယ်။
အထူးသဖြင့် အမြှောက်လက်နက်ကြီးပစ်ကူတွေ စခန်းတစ်ခုနဲ့ တစ်ခု မလွတ်ရအောင် ချိတ်ဆက်ထားသင့်ကြောင်း အကြံပြုပါရစေ။
#အောင်နိုင်သူ🇲🇲
Post a Comment