နိုင်ငံ​ကျော်တဲ့ ဂျင်းတက်ကြီးများ

"ကျမအကျယ်ချုပ်ကျနေတုန်းက"လို့
အစချီပေးပြီး
မျက်ရည်ချူလိုက်တာဟာ
တဖက်အစိုးရအဖွဲ့တွေကို မုန်းတီးရေးစိတ်
ပါးပါး​လေးထည့်​ပေးလိုက်တာ 
"ရာဘင်ဒြာနတ်တဂိုးရဲ့စာတွေကိုဖတ်ပြီး"လို့
အစချီလိုက်တာက
စာပေပညာမြင့်မားကြောင်း
ဂုဏ်ဆာလိုက်တာ
အမှန်ကဘာမှအဲ့လောက်စိတ်မဝင်စားပါဘူး
ဟိုကပြောပြတာတွေကို
ကြက်တူရွေးလိုပြန်ပြောယုံပါဘဲ 

နွားကျောင်းသားကဗျာအဆင့်ရှိတဲ့
ဆိုဗီယက်ကဗျာဆရာရဲ့စာကိုခိုးချပြီး
ငွေမဲကိုငွေဖြူလုပ်ခဲ့တာလဲအရှက်ကွဲပြီးပြီ
ကဗျာကိုဝယ်တာပါဆိုပြီး
ဟိုဟာတွေဆီကငွေတွေယူကာ
နိုင်ငံရောင်းစားခဲ့တာ 

Freedom From Fear ခေါင်းစဉ်နဲ့
David M.Kennedy အသုံးပြုခဲ့တဲ့
ပူလစ်ဇာဆုရခဲ့တဲ့စာအုပ်ကိုလဲ
ဒေါ်စုကိုယ်တိုင်ရေးခဲ့တာမဟုတ်ကြောင်း
Dr:နေဇင်လတ်ကထုပ်ဖော်ပြခဲ့ပြီးပြီ 

Edited by Michael Aris
သူ့ယောက်ျားမိုက်ကယ်အဲရစ်က
တည်းဖြတ်ပေးခဲ့တာပါတဲ့
မိုက်ကယ်အဲရစ်လဲသေရော
ဘာမှထွက်မလာတော့ဘူး 

အကြောက်တရားမှကင်းဝေးရာဆိုပြီး
ဘာမှမသိတဲ့(ကိုယ်တွေပါ)သူတွေကို
ဂျင်းတွေကြွေးခဲ့တာ နှစ်တွေအကြာကြီး
အမှန်က
အဖွားရီးရဲ့ဂုဏ်ကိုလဲမြှင့်
ငွေမဲတွေကိုငွေဖြူလုပ်ပြီးပေးခဲ့ကြတာပါ 

ခလေးကလား ခြံတခါးရောင်းပြတော့မှ
ဘာလားဟ ပေါ့
အဲဒီကြမှသေချာသဘောပေါက်ခဲ့တယ် 

BA ကို MA လို့လိမ်ထားကထဲက
ဘာမှမတတ်တာသိသာနေပြီ
Eလိုပြောတတ်တာလောက်တော့လာမပြောနဲ့
ဗြိတိသျှကိုလင်တော်စရာမလိုပါဘူး
ပုဂံကခလေးတွေသွားကြည့် 

ဂျင်းတွေကိုအခုထိမသိကြသေးတဲ့
နီပိန်းတွေကိုမြင်ပြီး
ဖီးဖြစ်လာလို့!
!
Nanda Minlwin

Post a Comment

Previous Post Next Post