ကျွန်တော်တို့သည် ဂျင်းကောင်များဖြစ်သည်

   
ဗိုလ်ချုပ်ဟာ ငယ်ကတည်းက သူ့ကိုယ် သူ 
အလွန်ထင်ပေါ်အောင် အမြဲ လုပ်လေ့ 
ရှိပါတယ်

ကျောင်းလာရင်ကျောင်းတက်ပြီးပြီ 
စာသင် နေပြီ ဆိုမှ လာသတဲ့
ခုံဖိနပ်သံ  ကလုံ  ကလွမ် ဂွမ်ဂွမ် အသံ 
မျိုးစုံမြည်အောင် လှမ်းရင်း ကျောင်းထဲ 
ဝင်လာတော့ စာသင်နေတဲ့ ကျောင်းသား
တွေရော ဆရာတွေရော အသံလာရာကို 
ကြည့်ကြတာပေါ့အတန်းထဲရောက်တော့
ဆရာက
""မင်းကွာ ပိန်းတန်းလေးဘာလေးစီးပါကွာ  
မင့်း ဖိနပ်သံက သူများတွေ အနှောက်
အယှက်ဖြစ်တယ်ကွ""  ဆိုတော့

""မရှိဘူးဆရာ""တဲ့
""အင်္ကျီတောင်အပြဲဆရာ""ဆိုတော့ 

ဆရာက ""မင်း   တမင်ဖြဲထားတာ
မဟုတ်လား""ဆိုမှ"

"ငြိ ပြဲတာပါဆရာ"'တဲ့

ဆရာက ပြန်ပြောတော့
""ဒီကောင်တမင်ဖြဲထားတာကွ 
ဒင်းအကြောင်းမသိတာမှမဟုတ်တာတဲ့"'

""ရက်ကြာလာလို့ ဆရာကြီးကပါ ပြော
လာတာနဲ့  ငါ့ကွာ ဒင်းခုံဖိနပ်ခွာမှာ ကျွတ်စ
နဲ့ ကပ်ရိုက်ပေးလိုက်ရတယ်။ဒီတော့မှခုံဖိ
နပ်သံ မကြားရတော့တာဟေ့"'တဲ့ -

ခုံဖိနပ်ခွာမှာ ကျွတ်စနဲ့ ရိုက်ပေးရတာ
ကို ဆရာကသိပ်ကျေနပ်ဟန်မတူပါ။

ဆရာတစ်ယောက်ကတော့ '
""မင်းတို့ကသာ အောင်ဆန်း က ဘယ်လို 
ဘယ်ညာ ဘယ်ချမ်းသာနဲ့ အထင်ကြီးနေ
ကြတာ အဲဒီကောင်က ငပေါကွ""တဲ့ "
"အတန်းထဲမှာ စာသင်ရင်းက ရယ်စရာ
ပြောလိုက်လို့ တစ်တန်းလုံး"ဝေါ" ကနဲ
ရယ်ကြလို့ပြီးပြီ ဆိုတော့ ကဲ ကဲ
စာဆက်သင်မယ် ဆိုပြီး ကျောက်သင်ပုန်း
ကြီးဘက်လှည့် စာလဲ စ သင်ရော နောက်
ကနေ အားရ ပါးရ တဟား ဟား နဲ့ တစ်ယောက်ထဲ 
ရယ်သံကြားလို့ လှည့်ပြီး ဘယ်သူလဲကွဆိုတော့ 

ကျောင်းသားတွေက --

"အောင်ဆန်း "ဆရာ
အောင်ဆန်း'"နဲ့ ဝိုင်းအော်ကြတော့ 

"ဟိတ်ကောင် အောင်ဆန်း ဘာဖြစ်တာတုန်း 
မေးတော့ '

"ကျွန်တော် အခုမှ ရယ်ရမှာ သဘောပေါ
က်လို့ပါဆရာ" တဲ့

သူများရယ်လို့မှ ရယ်ရမှာ သဘောမပေါက်တဲ့
ကောင်က ဘယ်လိုလုပ် တိုင်းပြည်အုပ်ချုပ် 
မင်းလုပ်မှာလဲကွာ အလကား နေရာတကာ 
ထင်ပေါ်ချင်နေတဲ့ ငပေါပါကွာ"" တဲ့။

ထို အမျိုးသားကျောင်း၏ကျောင်းအုပ်ဆရာကြီး
ဦးကျော်ဇံ " က
"ဒီကောင်က အာဏာရူးကွ"" တဲ့

(ဆရာကြီးဦးကျော်ဇံ၏တိုက်မှာရေနံချောင်းမြို့
ရွှေဘုံသာရပ် ယ္ခင် Lock up ယ္ခု  မြို့မရဲစခန်း နှင့် 
မျက်နှာချင်းဆိုင်တွင်ရှိ၏။
အနိစ္စ သဘောအရ ပိုင်ရှင် လေးဦး
ပြောင်းသွားပြီဖြစ်၏။)

ဆရာကြီးဦးကျော်ဇံက သူ့တပည့်၏စာကို
အသေအချာသိမ်းထား၏။
မြန်မာနိ်ုင်ငံလွတ်လပ်ရေးမရသေးသော်လည်း
ကြိုတင်နေရာဦးနေကြချိန်ဖြစ်၏။

ပထမဆုံးအစိုးရအဖွဲ့တွင် ဘယ်သူက 
ဘယ်မြိုနယ်ကအမတ်အရွေးခံမည်။ဘယ်သူက
ဘယ်နေရာ ဘာညာသာရကာတွေနှင့်
မုန့်ဆီကြော်မကြော်ရသေးသော်လည်းနှုတ်ခမ်း
နာကုန်ကြပြီ။ ဆရာကြီးက နောက်မျိုးဆက်သစ်
တွေကို သူသိမ်းထားသည့် သူ့တပည့် 
ကိုအောင်ဆန်း ၏စာကိုပြလေ့ရှိ၏။ 
 
စာမှာ  --
▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓

ဆရာကြီးခင်ဗျား -အကြောင်းကြားအပ်ပါသည် 
ဆရာကြီး ရေနံချောင်းမြို့နယ်မှ အမတ်နေ
ရာဝင်အရွေးခံမည်ဟု ကြားသိရပါသည်။

ကျွန်တော်အစ်ကို ဦးအောင်သန်းလည်း
ထိုနေရာမှ ဝင်ရောက် အရွေးခံမည်ဖြစ်ပါ
သည်။ သို့ဖြစ်ရာ ဆရာကြီးအနေနှင့် 
ကျွန်တော့်အစ်ကို ဦးအောင်သန်းနှင့် ယှဉ်
ပြိုင် အရွေးမခံပါရန် ကြိုတင် အကြောင်းကြား
အပ်ပါသည် အကယ်၍ဆရာကြီးအနေနှင့်
ကျွန်တော့်အစ်ကိုဦးအောင်သန်းနှင့်ယှဉ်ပြိုင်
အရွေးခံပါက ကျွန်တော့်အစ်ကို ဦးအောင်သန်း 
အနိုင်ရရှိရန် ကျွန်တော့် ကိုယ်စွမ်း ဥာဏ်စွမ်း
ရှိသမျှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း 
ကြိုတင် အကြောင်းကြားအပ်ပါသည်။

                                       အောင်ဆန်း
                                ⫷▓▓▓(💮)▓▓▓⫸

ဆရာကို သိပ်ရိုသေတာပဲ 
ဒါဟာဆရာကို တပည့်က အာဏာအတွက်  
Challenge လုပ်တာပါပဲ။အစိုးရအဖွဲ့
ထဲမှာ ညီအစ်ကို သုံးယောက်လုံး နေရာ
ယူကြမှာ ပေါ့

နောက်တစ်ခုကတော့ ရှေးက
ဘုန်းတော်ကြီးတစ်ပါးကပြောပြတာပါ။"
"အောင်ဆန်းက ကွန်မြူ နစ် အငွေ့အသက်
မကုန်ဘူးကွ"'တဲ့ ""နိုင်ငံကျော်ဆရာတော်
ကြီးတွေကို ပရိသတ်တွေရှေ့မှာ ရိုသေပြတာက 
သူ့ကိုဗုဒ္ဓဘာသာဝင်ပြည်သူအများစု 
ယုံကြည်လာအောင် လုပ်ပြတာကွ တကယ်
တော့ ဒီကောင်က ကွန်မြူ နစ်ပဲကွ""တဲ့

ရေနံချောင်းမြို့ အ ထ က(၁) ဝိုင်းထဲတွင် 
လာရောက်နိုင်ငံရေးဟောပြောပွဲလုပ်ရာ
ထိုနေရာနှင့် နီးသည့် ရွှေတောင်ကျောင်းမှ 
("ရွှေတောင်တိုက်ပါဠိတက္ကသိုလ်")
သံဃာများက သွားရောက်နားထောင်ကြ
လေ၏။ ဟောပြောပွဲအပြီးစကားနိဂုံးချုပ်ပြီး
သည်နှင့် သံဃာတော်များကို လက်ညိုး ထိုးပြီး

"" ဘုန်းကြီးတွေ  ဘုန်းကြီးတွေ  လွတ်လပ်
ရေး ရပြီးရင် ဒီလိုနေလို့ မရဘူး""

ဟုပြောလိုက်ရာ သံဃာတော်များ စိတ်မ
သက်မသာနှင့် ကျောင်းသို့ပြန်သွားကြ၏။
ကျောင်းရောက်သော် ထိုသတင်းကိုကြား
သိရသည့် ကျောင်းတိုက်ပဓာန နာယက
ဆရာတော်ကြီးက သံဃာများကို စုဝေးစေ
ပြီး မိန့်တော်မူသည်မှာ  --
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
""တို့က သူ့ဟောပြောပွဲ သွားနားထောင်
တာကိုက တို့ဘက်က မှားခဲ့ပြီ။
သူ့ဘက်ကတော့ သံဃာကိုပရိသတ်ရှေ့
မှာ စော်ကားတဲ့အတွက် အပြစ်ကြီးသွားပြီ။
ဒီကောင် --
     ဘုန်းကြီးရင်လဲ   အသက်မရှည်ဘူး
     အသက်ရှည်ရင်လဲ  ဘုန်းမကြီးနိုင်ဘူး
ကဲ  ကိုယ့် ပရိယတ်အလုပ် ကိုယ် ကြိုးစား
လုပ်ကြ။""လို့ မိန့် တော်မူပါသတဲ့။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
သျှင်ဥက္ကဋ္ဌ က သူ့ "လူသေလူဖြစ်"
(အဓမ္မဝါဒ)စာအုပ်ကို ရေးတာ ဗခ အလိုကျ
 ရေးတာပါလို့ ပြောသွားတာကိုပါပဲ။)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ဗိုလ်ချူပ်အောင်ဆန်း မကျဆုံးခင်ကပေါ့

ဝန်ကြီးတစ်ယောက်လခဟာ ၅၀၀၀ ဝန်းကျင်ရှိ
ပါတယ် ဗိုလ်ချူပ်က ဘုရင်ခံအမှူဆောင်ကောင်စီ
ဥက္ကဌဝန်ကြီးတွေထက် ရာထူး ခံစားခွင့်တွေအစစ
အရာရာမြင့်ပါတယ်

ဒုဘုရင်ခံရာထူးလောက်ရှိတဲ့အတွက်
ဗိုလ်ချူပ်အောင်ဆန်းလခ ၈၀၀၀ ကျပ်ရပါတယ်

အဲ့ဒီအချိန် ၁၉၄၆ ခုနှစ်မှာ အခေါက်ရွှေ 
တစ်ကျပ်သားကို ၁၅၀ ကျပ်ပဲရှိပါတယ်

ဗိုလ်ချူပ်အောင်ဆန်းရတဲ့ လခနဲ့ တစ်လကို 
ရွှေငါးဆယ်သားကျော်ကျော်ကိုဝယ်နိုင်တယ်
ဒေါ်ခင်ကြည်လည်ပင်းကဆွဲကြိူ းကြီးလည်း
ပြူးနေတာပါပဲ

ဒါကိုပဲ ဒေါ်စုကိုမွေးတော့ ခမည်းပေးစရာမရှိ
လို့ နားကပ်ဖိုးကို ဗိုလ်ချူပ်က အမေအိုကြီးစီ
ပြန်တောင်းရသတဲ့ဆိုကာ သိပ်ကို ရိုးသားတဲ့
ဗိုလ်ချူပ်တို့ လင်မယားဆိုပြီး ဂျင်းတွေထည့်
ထည့်နေတာကတော့ စာ ရေးဆရာများ၏ 
အစဉ်အဆက် လော်ဘီအာဘော်တွေနဲ့
ပြည်သူတွေကို အဆိပ်ခတ်လိုက်တာ ပုဂ္ဂိုလ်စွဲတွေ
ဖြစ်ကုန်တယ် တခြားလူတွေ အပေါ်အကောင်း
မုမြင်ကြတော့ ပါ 

တစ်လကို ရွှေ ၅၀သားလောက်ဝယ်နိုင်တဲ့
ဝင်ငွေရှိရဲ့သားနဲ့ အမေအိုကြီးထံပြန်တောင်းရ
လောက်အောင် ဒေါ်ခင်ကြည်နဲ့ဗိုလ်ချူပ် အသုံး
အစွဲ အဲ့လောက် များလှပါလားလို့ပေါ့
အဲ့ဒီခမည်းဂျင်းကို hah ha ပဲ

နောက်တစ်ခု ပဲပြုတ်နဲ့နံပြားပဲစားရရှာတဲ့ 
ဗိုလ်ချူပ်ဆိုပြီး လွှတ်သနားကြကြောင်းပြောပြော
နေလို့ကျော်ကြီး က ရီ ချင်တယ် 

သနားပါတယ်ဆိုတာက ဂျေဒိုးနတ် ကော်ဖီမျိူးစုံ
ပေါများတဲ့ခေါတ်ကနေ ဟိုးနောက်ကိုပြန်ကြည့်လိုက် 

၁၉၄၅ ဝန်းကျင်ရဲ့ မြန်မာပြည်မှာ နံနက်စာကို 
ထမင်းကြမ်း ငပိရည်နဲ့စားနေကြတဲ့လူထုအတွင်းမှာ 
ပဲပြုတ်နံပြားနဲ့ လဘက်ရည်သောက်နိုင်တာ 
လူကုံထန်တွေပဲ 

သူ့ခေါတ်ရဲ့ ပဲပြုတ်နံပြားဟာ တော်ဝင်တဲ့နံနက်စာ 
အဲ့ဒီအချိန်မှာ ဂျေဒိုးနတ်မှမရှိတာ

၁၉၄၅ ၁၉၄၆ တွေမှာ နံနက်စာပဲပြုတ်နံပြား
စားနိုင်တဲ့လူကို ကျူပ်ကဘယ်လိုမှ သနားလို့
မရပါဘူး ဗမာတိုင်း နံနက်စား မစားနိုင်ကြသေးတဲ့
အချိန် ဂုန်နီ အိတ်တောင် ဝတ်ပြီး လွတ်လပ်ရေး 
အတွက် လုပ်နေရတဲ့ ကာလ ပါ 

သူ့ အပါးတော်မြဲ ငဖါးကြီး ဗိုလ်ထွန်းလှ ခေါ် 
တက္ကသိုလ်နေဝင်း သမိုင်း အမှန်တွေကို 
ထိန်ချန် ရေးသလို ဘလော့ဂါလှဦး(သို့)
ဗိုလ်ထွန်းလှသား သူစာအုပ်အစမှာ
အဖွင့်အနေနဲ့ရုပ်ရှင်ဆန်ဆန် ဂျင်းတွေ 

ဦးပုကလေးဆိုတာကလည်း ဦးအောင်ဆန်းက 
သွားလေရာ ခေါ်သွားတဲ့ သူ့ရဲ့လက်စွဲ သတင်း
စာဆရာ သူနဲ့ ဦးအောင်ဆန်းခရီးတခုသွားတော့ 
အပြန်အလှန် ပြောကြတာတွေ 
ကောင်းတာလေးတွေ ချရေးပြီး မကောင်းတာ
တွေ ကွယ်ဝှက်ပြီး ချန်ထား ပြီး ရေးကြတယ်

ကိုယ် မမှီတဲ့ သမိုင်းကြောင်းတွေ မှန်တာ မှားတာ 
မဝေဘန်ခင် လက်ရှိ ကိုယ်မှီ နေတဲ့ 
ခေတ်တောင် အမှန် မသိတဲ့ သူတွေက အများ
ကြီး ဥပမာ #ရွှေလက်တွဲ ဆိုတဲ့ သီချင်း 
ူမူရင်း အဆိုရှင် ဘယ်သူဆိုတာ လဲ မေးကြည့်
#ဒိုးလုံး ဆိုတာ လို့ပဲ သိကြတာ 😁
အဲ့ဒါ သမိုင်း မဟုတ်သေးဘူးနော် 
သတင်းမီဒီယာ အားသာရင် ဖြစ်တတ်တဲ့
သဘာဝ ကို သဘောတရား ကို ပြောပြတာ
ပြောပြ လို့ မကုန်တဲ့ သမိုင်းအမှန်တွေ အများ
ကြီး ရှိတယ် အမှန်တရား ဆိုတာ ခါးတယ်လေ
=======================
(သြော်  တက္ကသိုလ်နေဝင်းရေးတဲ့ အပြာ
ဆန်ဆန် ဝတ္ထုတွေ ဖတ်ဖူးသူများ ရှိရင်
ဘယ်စာအုပ်တွေ ဆိုတာသိပါရစေခင်ဗျ

"သူလိုမင်းသမီး" ဖတ်ဖူးတဲ့ သူတိုင်းက
ဖတ်နေရင်း နဲ့
တံထွေး ခဏခဏ မြို ချရ သတဲ့ 😁😁😁

အဆဲ တလိုင်း နဲ့တက်မလား နဲ့

#ချစ်လေး 

.                  
  🄺🅈🄰🅆 🅂🅆🄴 🅆🄸🄽

1 Comments

  1. အမှန်တရားတွေတိမ်မြုတ်နေတယ်

    ReplyDelete

Post a Comment

Previous Post Next Post