NUG ၏မာယာ===========

ဖေဖော်ဝါရီ ၂ ရက်နေ့က NUG ဘက်ကနေ 
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်စုကြည်ရဲ့ 
ရာထူးသက်တမ်းကို NUG အစိုးရသက်တမ်း
နဲ့အညီ သတ်မှတ်ပြဋ္ဌာန်းဆိုပြီး ကြေညာချက် 
ထုတ်ပြန်ခဲ့တယ်။ 

အရင် ၂၀၁၆ ခုနှစ်တုန်းက နိုင်ငံတော်၏အတိုင် 
ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေဆိုတဲ့ ဥပဒေထဲမှာ 
သမ္မတရာထူး သက်တမ်းအတိုင်းဆိုပြီး သတ်မှတ်
ထားတယ်။ ပြောရမယ်ဆိုရင် အဲဒါက အရင်နှစ် 
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့ကတည်းက 
Expired ဖြစ်နေပြီ။ 

ဒါကို NUG က ဘာလုပ်လဲဆိုတော့ နိုင်ငံတော်၏ 
အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ ၂၀၂၁ ပုဒ်မ ၆၊ 
ပုဒ်မခွဲ (က) ကို  “(က) ဖက်ဒရယ်ဒီမိုကရေစီ
ပဋိညာဉ်ပါ နိုင်ငံရေးလမ်းပြမြေပုံနှင့် နိုင်ငံရေး 
ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေး
အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့် အညီ
ရေးဆွဲထားသော မဟာဗျူဟာအရ နိုင်ငံတော်နှင့်
နိုင်ငံသားများ၏ အကျိုးစီးပွားများ အတွက် အမျိုး 
သားညီညွတ်ရေးအစိုးရကို အကြံပေးရမည်။”လို့ 
အစားထိုးလိုက်သလို နိုင်ငံ တော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ပုဒ်မ ၇ ကိုတော့  
“၇။ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် 
အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်တမ်းနှင့်
အညီ ဖြစ်သည်။”လို့ အစားထိုးလိုက်တယ်။

အဲဒီမှာ ပြဿနာက စတာပဲ။ 
အခု လောလောဆယ် ဒေါ်စုကြည်ကို စွဲဆိုထားတဲ့ 
အမှုတွေက နိုင်ငံတော်သစ္စာဖောက်မှု၊ လျှို့ဝှက်
အက်ဥပဒေ၊ အဂတိလိုက်စားမှု စတဲ့ အမှုတွေနဲ့ 
တရားစွဲဆိုထားပြီး နေအိမ်အကျယ်ချုပ် ကျခံနေရ
တယ်။ 

NUG လုပ်လိုက်တဲ့ အပေါက်က ဘာနဲ့တူလဲဆိုရင် 
ထိုင်နေရင် အကောင်းသား ထသွားမှ အကျိုးမှန်းသိ၊ ရှေ့နေငှားမှ ထောင်လုံးလုံးကျ ဆိုတဲ့ ပုံစံမျိုး
ဖြစ်နေပြီ။ 

အခု ဒေါ်စုကြည် နေနေတာ နေအိမ်အကျယ်ချုပ်
လေ…။ ဘာပြော ပြော ထောင်ထဲနဲ့စာရင် သက်သာ
သေးတယ်။ 

ဒါကို နဂိုကတည်းကမှ အကြမ်းဖက်အဖွဲ့လို့
 ကြေ ညာခံထားရတဲ့ NUG က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်စုကြည်ရဲ့ ရာထူးသက်တမ်း ကို NUG အစိုးရသက်တမ်းနဲ့အညီလို့ အခုလို သတ်မှတ်လိုက်တဲ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီရေးဆွဲထားသော မဟာဗျူဟာအရ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုး စီးပွားများအတွက် အမျိုး သားညီညွတ်ရေးအစိုးရကို အကြံပေးရမည်ဆိုတော့ ဒေါ်စုကြည်ကို အကြမ်းဖက်ဥပဒေနဲ့ ငြိစွန်းအောင် 
သူခိုးကို သေဖော်သေဖက် ညှိလိုက်သလိုပါပဲ။ 

ဒါက NUG အနေနဲ့ ဒေါ်စုကြည်ကို အကြမ်းဖက်
ဥပဒေနဲ့ ငြိစွန်းပြီး ထောင်လုံးလုံးကျအောင် တမင် 
ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလား…?ဆိုတာ
ကတော့ စဉ်းစားစရာပါပဲ…။ 

ထွန်းလူ
#peoplevoice

Post a Comment

Previous Post Next Post