ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကိုဟန့်တားနေသော PDF အကြမ်းဖက်သမားများ

ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကိုဟန့်တားနေသော PDF အကြမ်းဖက်သမားများ
==============================
ကျန်းမာရေးက အသိဆရာဝန်ကြီးတစ်ယောက်ဆီကရတဲ့ 
ကိုဗစ်ဆေးထိုးပြီးစာရင်းအရ ၁၈.၁.၂၀၂၂ ရက်နေ့အထိ တစ်နိုင်ငံလုံး ၃၂၅ မြို့နယ်မှာ ဆေးထိုးဖို့လျာထားအကျုံးဝင်သူ ၃၆.၆ သန်းကျော်ရှိရာမှာ တစ်ကြိမ်ထိုးပြီးသူ ၂၀.၆ သန်းကျော်၊ တစ်ကြိမ်ထိုးပြီးသူ ၁၇.၇ သန်းကျော်ရှိလို့ ၅၆ ရာခိုင်နှုန်းပြီးပြီလို့ သိရပါတယ်။

ပြည်နယ်နဲ့တိုင်းအလိုက် ဆေးထိုးပြီးစီးမှုမှာတော့ ချင်း၊ 
စစ်ကိုင်းနဲ့ ကယား၊ ကရင်တို့က ပြီးစီးမှုရာခိုင်နှုန်းအနည်းဆုံးဖြစ်နေပါတယ်။အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေး မခက်ခဲတဲ့စစ်ကိုင်းဟာလည်း ဆေးထိုးပြီးစီးမှု အနည်းဆုံးဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

အကြောင်းအရင်းကို ရှာလိုက်တော့ ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးတဲ့ PDF အမည်ခံ အကြမ်းဖက်သမားများနဲ့ အစွန်းရောက် နိုင်ငံရေးသမားများရဲ့ လှုံ့ဆော်မှုခံနေရတဲ့နေရာတွေမှာ ဆေးထိုးမှုအနည်းဆုံးဖြစ်နေပါတယ်။
ကိုဗစ်ကြီးကတော့ နိုင်ငံရေးဆိုတာကို ငဲ့ကွက်နေမှာမဟုတ်လို့ ဆေးမထိုးရသေးတဲ့နယ်မြေတွေမှာ ပိုပြီးကူးစက်မှာတော့ စိုးရိမ်မိပါတယ်။

ဇန် ၁၈ ရက်နေ့ထိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေကို ပုံမှာကြည့်နိုင်ပါတယ်။ 👇👇👇👇

Post a Comment

Previous Post Next Post