ဝမ်းသာစရာသတင်းကောင်း

ဝမ်းသာစရာသတင်းကောင်း
**********************

NUG ၏ PDF တပ်နှင့် NCA လက်မှတ် ရေးထိုးထားသည့် EAO များ၊ လက်မှတ် မထိုး ရသေးသည့် KIA. MNDAA. UWSA အဖွဲ့များ အားလုံး ပေါင်းစပ် ပါဝင်သည့် ဖက်ဒရယ် တပ်ပေါင်းစု စတင် ဖွဲ့စည်းလိုက်ပြီး ကာကွယ်ရေး ဝန်ကြီးနှင့်စစ်သေနာပတိချုပ်များ ခန့်အပ်
----------------------

(EAO's ခေါင်းဆောင်များ ကြား အချေအတင် အငြင်းပွားမှုများကြားမှ ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ)

ကာကွယ်ရေးဝန်ကြီး အဖြစ် ဦးရည်မွန်

စစ်သေနာပတိချုပ် အဖြစ် ဗိုလ်ချုပ်ကြီး မျိုးရန်နောင်သိန်း

မြောက်ပိုင်း တပ်တော်စုမှူး ဗိုလ်ချုပ်နဂါး

တောင်ပိုင်း တပ်တော်စုမှူး ဗိုလ်ချုပ်ဂျပန်

စစ်လက်နက်ထုတ်လုပ်ရေးမှူးချုပ် ဗိုလ်ချုပ်သံမဏိ တို့ ဖြစ်ကြောင်း သိရှိရပါသည်။

ကာကွယ်ရေး ဝန်ကြီး၊ စစ်သေနာပတိချုပ်နှင့် တပ်တော်စုမှူးများ အမည်စာရင်းအား KIA ဗိုလ်ချုပ် ဂွမ်မော်မှ တင်သွင်းခဲ့ရာတွင် KNU မှ ဘောကျော်ဟဲ နှင့် SURA မှ ရွက်ဆစ် တို့က ကန့်ကွက် ခဲ့ကြပြီး ဖက်ဒရယ် တပ်ပေါင်းစု ခေါင်းဆောင်များ ခန့်အပ်ပါက အစဉ်အလာ ရှိပြီး နှစ်ပေါင်းများစွာ တိုက်ပွဲ ဝင်လာခဲ့သည့် တိုက်ရည်ခိုက်ရည် ကောင်းသည့် ၎င်းတို့ KNU. KIA. SURA စသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များကိုသာ ခန့်အပ် သင့်ကြောင်း၊ မည်သို့သော  အကြောင်းကြောင့် မနေ့တနေ့ကမှ ၎င်းတို့ထံတွင် တပည့်ခံ သွားသည့် PDF မှ ငချွတ်များကို ခန့်အပ်ရန် တင်သွင်း ရပါသလဲ ဟု မေးမြန်း သဖြင့် ဗိုလ်ချုပ် ဂွမ်မော်မှ ပြန်လည် ရှင်းလင်း ပြောကြားရာတွင်

EAO များ အနေဖြင့် မြန်မာ့ တပ်မတော်အား နှစ်ပေါင်း ၆၀ ကျော် ရင်ဆိုင် တိုက်ခိုက်ခဲ့သော်လည်း PDF များကဲ့သို့ အကျအဆုံး များအောင် မတိုက်နိုင်ခဲ့ကြောင်း၊
ခေတ်သစ်၊ မဇ္ဇိမ ၊ ဧရာဝတီ၊DVB စသည့် သတင်း ဌာန များနှင့် ပန်ဆယ်လို၊ ဇာနည်ထိုက်၊ KMKL တို့ ပြောကြားသည့် မှတ်တမ်းများ အရ PDF နှင့် တိုက်ပွဲ ဖြစ်ပွားပြီး ယနေ့အထိ စစ်သား တစ်သိန်း ကျော် သုတ်သင် နိုင်ခဲ့သည် သိရကြောင်း၊ ယင်းသို့ တိုက်ခိုက်ရာတွင်လည်း မိမိတို့ EAOs များ ကဲ့သို့ စစ်ပညာအား ကာလ ကြာမြင့်စွာသင်ယူ ခဲ့ရခြင်း မဟုတ်ဘဲ ၂ ပတ်မျှသာ သင်ယူ တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ကြောင်း၊

တိုက်ခိုက်ရာတွင်လည်း မောင်းပြန် သေနတ်များ၊ တာဝေးပစ် လက်နက်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အသုံးပြု နေသည့် စစ်သားများကို တူမီး သေနတ်များဖြင့် သာ ရင်ဆိုင်တိုက်ခိုက် ခဲ့သော်လည်း PDF များဘက်မှ ဒူးနှင့် တတောင်ဆစ် တို့တွင်သာ မဆိုစလောက် ပွန်းပဲ့ ဒဏ်ရာများ ရလေ့ရှိပြီး စစ်သားများ အနည်းဆုံး ၅၀ ခန့် ကျဆုံးလေ့ ရှိကြောင်း၊ 
ကျဆုံးသည့် စစ်သားများကို မြေမြှုတ်/ မီးရှို့ ပစ်သည်လည်း မတွေ့၊ နောက်တန်းသို့ ပြန်သယ်သွားသည်လည်း မတွေ့ရသည်မှာ
PDF များ အသုံးပြုသည့် ကျည်ဆံများ၌ လူကို ထိပြီး သေဆုံးသည်နှင့် အသားနှင့် အရိုးများ၂မိနစ် အတွင်း ဆွေးမြေ့ ပျက်စီး အမှုန့် ဖြစ် သွားစေသည့် ဓါတ်ပစ္စည်းများ ထည့်သွင်းထားသည့် ဆန်းပြား ဓါတုဗေဒ ကျည်ဆံများ တီထွင် အသုံးပြုနိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊
ထို့အပြင် ပစ်မလွဲ စိန်ပြောင်းနှင့် အာပီဂျီများ ကိုလည်း တီထွင် ထုတ်လုပ် နိုင်ခဲ့ပြီး ပစ်ခတ်လိုသည့် ပစ်မှတ်အား ၅ပေ အတွင်း မလွဲအောင်ပစ်ခတ်နိုင်ပြီး ကျရောက် ပေါက်ကွဲသည့် နေရာ၏ မီတာ ၅၀၀ ပတ်လည် အတွင်း တစ်ယောက်မျှ အသက်မရှင်နိုင်ကြောင်း၊
Bolt action သေနတ်များ ကိုပင် မောင်းပြန် အဖြစ် အတွဲလိုက် ပစ်ခတ်နိုင်အောင် တီထွင်မည်ဟု ဆိုထားသဖြင့် ကမ္ဘာပေါ်၌ မည်သူမျှ မလုပ်နိုင်သေးသည့် တီထွင်မှု အသစ်ဖြစ်ကြောင်း၊
စစ်နည်းဗျူဟာ များမှာလည်း US Army FM စာအုပ်များတွင်ပင် မပါဝင်၊ မကျင့်သုံး နိုင်သေးသည့် နှစ်ဘက်ညှပ် စစ်၊ သုံးဘက်ညှပ်စစ်၊ ဖြဲတိုက်စစ်၊ ဝုန်းတိုက်စစ်၊ လဟာပြင်ခံစစ်၊ လေးဘက်ထောက် ခံစစ်၊ စသည့် စစ်နည်းဗျူဟာများ ကျင့်သုံး နေခြင်း ဖြစ်ကြောင်း၊
လူကြီးမင်းတို့ EAO များ အနေဖြင့် PDF များ ကဲ့သို့ စွမ်းဆောင်နိုင်ခြင်း ရှိ/မရှိ ပြန်လှန် မေးမြန်းရာ
ဘောကျော်ဟဲ အပါအဝင် EAO's ခေါင်းဆောင်များ ပါးစပ် အဟောင်းသားဖြင့် မျက်ရည်များ ဝဲ၍ ချက်ချင်း မတ်တပ်ရပ်သတိဆွဲလျက် အဆိုပြု ထားသည့် PDF ခေါင်းဆောင်များအား အလေးပြုပြီး နှစ်ပေါင်း ၇၀ ကျော် မိမိတို့ နိုင်အောင် မတိုက်နိုင်ခဲ့သည့် စစ်တပ်အား တစ်နှစ်အတွင်း အမြစ်ပြတ် ချေမှုန်းသွားမည့် ဖက်ဒရယ် တပ်ပေါင်းစု ခေါင်းဆောင်များ အဖြစ် ဦးညွှတ်ဂုဏ်ပြု ခန့်အပ် လိုက်ပါကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရပါသည်...
...
Source . KK News..

Credit
(အနည်းငယ် ပြင်ဆင် တည်းဖြတ်ထားပါသည် #moeheinkyaw )

Post a Comment

Previous Post Next Post