ငါတို့ ဘာပြန်ရပြီးပြီလဲ?

ဒီမောဆိုကိုရင်းလိုက်ရပြီးပြီ
(အနီးအနား ပတ်ဝန်ကျင်ရွာပေါင်းများစွာ)
ဖရူဆိုကိုရင်းလိုက်ရပြီးပြီ
(အနီးအနားက ပတ်ဝန်ကျင်ရွာပေါင်းများစွာ)
 
ဒုက္ခသည် တစ်သိန်းခုနှစ်​သောင်းကျော် စာရင်းသာရှိတယ် တစ်ပြည်နယ်လုံး ကိုယ့်အိမ်မှာ ကိုယ်အကျယ်ချုပ်လိုသာနေနေရတာထည့်တွက်ရဦးမယ်.. 

ကဲထားပါတော့ 
လမ်းတွေရုတ်တရက်ပိတ်ချ လိုက်တော့  
ကုန်သွယ်စီးဆင်းကပြတ်တောက်ခဲ့ရတယ် 
ဆန်တစ်အိတ်တစ်သိန်းခွဲတဲ့ နှစ်သိန်းတဲ့ရောင်းတဲ့သူမရှိဘူး  ဝယ်မဲ့သူကပေးတာနော် အရမ်းငတ်နေကြလို့...

ပေးဆပ်ခဲ့ရတာတွေ အရမ်းများနေပြီး 
ကိုယ့်မိသားစုလဲ အလကားသေပေးခဲ့ရပြီးပြီ 
ကိုယ့်အိမ်လည်း မီးထဲပါပြီးကြပြီးပြီ 
လယ်ယာတွေဆုံးရှုံးကြပြီး ဓါတ်မြေဩဇာအကြွေးယူပြီးစိုက်ထားတဲ့ တောင်သူတွေအများကြီး စိတ်ခိုင်ရင် စစ်ဘေးရှောင်တွေနဲ့ စကားလိုက်ပြောကြပါလား...

သူတို့ကျေနပ်ကြလား ?
သူတို့လိုလားကြလား ?
 
ဒါတွေက ငါတို့ပြည်နယ်မှာဖြစ်နေကြတာ 
အခုအခြေအနေကိုကြည့် သတင်းတွေမှာတောင်တက်လာဖို့ကြာနေပြီး speak out လုပ်ဖို့တောင် မရှိတော့ဘူး... 

ကျန်တစ်ခြားဘက်မှာကကြည့်ရအောင် 
သိပ်မဝေးတဲ့ ဆီဆိုင် ပင်လောင်းမှာကြည့် 
သာယာနေတယ် ဖယ်ခုံမြို့ကျော်တာနဲ့ သီချင်းသံတွေ ရောင်းဝယ်ဖောက်ကားမှုတွေ မျက်ရည်တောင်ကျတယ် ...

ငါတို့ပြည်နယ်အရမ်းကွာလွန်းလို့
ကလောမှာလာလည်သူတွေပြည့်နေပြီး
ချောင်းသာ မှာ လူပြည့်နေပြီး 
ရန်ကုန်မန်းလေး ပိုက်ဆံရှိတဲ့သူတွေ မရှိတဲ့သူတွေပါ ကျောင်းတက်နေကြပြီး 
သူတို့ဘယ်လိုနေကြလဲဆိုတာ fbပေါ်မှာ
လေ့လာလို့ရတယ် ...

တစ်တိုင်းပြည်လုံး မပါပဲနဲ့ 
ငါတို့ကပဲ သတ္တိရှိလို့လား 
တစ်ရက် တစ်ရက် ငါတို့ရဲဘော် ငါတို့အမျိုး 
ငါတို့ညီကိုမောင်နှမ ပေးလိုက်ရတာ...

ဒီပုံစံတိုင်းဆိုရင် 
ကယားပြည်နယ်တစ်ခုလုံး ရင်းလိုက်ရရင်တောင် 
ငါတို့ နိုင်ပြီလား  
ငါတို့ပြည်သူတွေရော ပျော်နိုင်ပြီလား 

ဒါမဲ့ အချို့သူတွေအနေချောင်ကြတယ်
ငါတို့ပြည်နယ်ကသူတွေက အချောင်သေ
နေကြတယ်။ 
ဒါတွေက ကိုယ်တိုင်ရေးခဲ့တဲ့ သမိုင်းပဲ.....

..
#credit 
#KT

Post a Comment

Previous Post Next Post