ကြေကွဲမှတ်တမ်း

စစ်ကိုမြင်အောင်ပြမှ
သိကြမည် ၊
စစ် သည် မခေါ်အပ်သော
အရာထဲမှာပါ၏ ၊

စစ် သည်ရုပ်ရှင်ထဲမှာလို
ကြည့်မကောင်းပါ ၊

စစ်ပွဲဖန်တီးကြသူတွေကြောင့်
စစ်ရောက်လာသည် ၊

စစ်ပွဲ မမြင်မသိကြသော
သူတွေသည် စစ်ပွဲကို PUBG
Game မှတ်နေရှာ၏ ၊

စစ် သည် နှစ်ဘက် အသက်
တွေကို နှုတ်ယူကြေမွစေနိုင်၏ ၊
ထို့ကြောင့် ၊

နောင်အခါ
အဘယ်သော အခါမျှ စစ်ပွဲကို
မခေါ်မိကြစေနှင့် ၊
မခေါ်မိကြစေနှင့် ၊
မခေါ်မိကြစေနှင့် ၊

ပြည်သူဟုလဲ အငှားခေါင်းစဥ်
ယောင်လို့ မတပ်မိကြစေနဲ့ ၊

So Sad..!

🇲🇲 ဆာစွန်း
     လေးလေးမော့ဆက်

Post a Comment

Previous Post Next Post