အေးချမ်းပါစေ..ကယားမြေ

ကယားမှာ ပထမဆုံးစပြီး ပျက်စီးသွားတာက ဒီမောဆိုမြို့ပါ ။
မြို့တွင်းတိုက်ပွဲတွေ နဲ့ တိုက်ကွက်ဖော်ခဲ့ကြတယ် ။ ရဲစခန်းကို အကြိမ်ကြိမ် အင်အားအများအပြားနဲ့ ဝင်လုံးကြတယ် ။ ယနေ့အချိန်ထိလည်း ဒီမောဆို 
ရဲစခန်းကို နေ့တိုင်းနီးပါးလာပစ်နေဆဲပါပဲ။ 

ဒီမောဆို ရဲစခန်းကို KNPP .PDF မိုးဗြဲ. PDFဖယ်ခုံ 
PDFဒီမောဆို .KA နဲ့ KNDF တပ်ရင်းတွေ ပူးပေါင်း
ပြီး အကြိမ်ကြိမ် ဝင်လုံးခဲ့ကြတယ် ။ အဝေးကနေ 
စနိုက်ဘာနဲ့ ပစ်တာကတစ်မျိုး စိန်ပြောင်းတွေ RPG 
တွေနဲ့ ပစ်တာက တစ်ဖုံ ။နေ့စဥ်နီးပါး လက်နက်ငယ် 
၄၀မမတွေနဲ့လာပစ်နေပေမယ့် ဒီမောဆိုရဲစခန်းက
ဘာ ထိခိုက်မှုမှ ကြီးကြီးမားမား မကြားခဲ့ရဘူး..
ယနေ့ အချိန်ထိ ၁နှစ်နီးပါးရှိပြီ ကြံ့ကြံ့ခံ အမာခံ 
ခံစစ်ကြီးသဖွယ် ရန်သူတွေရဲ့ အလယ်မှာ တောင့် 
တင်းခိုင်မာနေဆဲပါပဲ ။ 

ရန်သူတွေသာ မိုင်းကွင်းထဲရောက်ပြီး ဖရိုဖရဲတွေနဲ့ 
လူနာတွေ ပြန်ကောက် ပြေးခဲ့ရတာလည်း အကြိမ် 
ကြိမ် ။ 

သို့သော်လည်း ငွေတောင်ဆည်အလှတွေနဲ့ ထာဝရ
လှပနေခဲ့တဲ့ တက်သစ်စ မြို့လေး ၊ ထိုင်းနိုင်ငံနဲ့ 
တောင်ငူမြို့ကို စီးပွားရေးအရ မဟာဗျူဟာလမ်း
မကြီးဖြစ်တော့မယ့် တစ်ထောက်နားမြို့လေး ဒီမော
ဆို ၊ ဟိုတယ်တွေဆို ဆောက်လက်စတွေနဲ့ မြို့လေး 
၊ကယားပြည်အတွက် နေချင်စဖွယ် အသဲနှလုံး
မြို့လေး ဒီမောဆို ကတော့ ယမ်းငွေ့တွေကြား ပျက် 
စီးခဲ့ရပြီ ။

ဒုတိယ ပျက်ဆီးသွားတာက ဖရူဆိုမြို့...
ဖရူဆိုကတော့ ထူးခြားတယ်..
ချင်းပြည်က ထန်တလန်မြို့လို့ပဲ... မြို့ထဲမှာ
စစ်ဖြစ်တာလည်း မရှိဘူး...ဒီမောဆိုလိုအသေ 
အကျေ တိုက်ပွဲတွေမရှိဘဲနဲ့မြို့ပျက်သွားခဲ့ရတယ် ။ 

သတင်းတွေအရတော့မြို့က ဝန်ထမ်းတွေကို 
ခြိမ်းခြောက်ခံရတော့ဝန်ထမ်းတွေက ထွက်သွား
ကြတယ် 
နောက်တော့ မြို့ခံတွေကိုပါ အကြမ်းဖက်သမား
တွေကမြို့မှာမနေကြဖို့ စစ်တွေဖြစ်လာနိုင်တယ်
ဆိုပြီးစစ်ရှောင်ခိုင်းရာကနေ လူတွေ တဖြေးဖြေး
နည်းပြီးမြို့ပျက်ကြီး ဖြစ်သွားခဲ့ရတယ် ။

တတိယမြို့က အခု လွိုင်ကော်မြို့....
လွိုင်ကော်လည်း ဖြစ်ပုံတွေက တူတူပါပဲ...
ဝန်ထမ်းတွေကို မြို့ထဲမှာ သတ်ပြတယ်
ခြိမ်းခြောက်ကြတယ်..ဝန်ထမ်းတွေတဖြေးဖြေး 
ထွက်သွားကြပြီ...လျှပ်စစ်တာဝါတိုင်တွေ နဲ့
ဖုန်းတိုင်တွေကို ဖောက်ခွဲဖျက်ဆီးပစ်ကြတယ် ။ 

လက်နက်ကိုင်တွေ မြို့ထဲ စိမ့်ဝင်လာကြတယ် ။
မြို့တွင်းမှာ တိုက်ကွက်တွေစဖော်တယ် ။
စစ်ဖြစ်တော့ မြို့ခံတွေ ထွက်ပြေးကြရတယ် ။
သူခိုးတွေဆေးသမားတွေက အိမ်တွေကို ဖောက် 
ကြတယ် ။ မြို့တွင်းမှာ အိမ်ခြေထက်ဝက်လောက်
က တိတ်ဆိတ်နေပြီ ။ 

စက်သုံးဆီနဲ့ စားသောက်ကုန်တွေ စျေးတက်ကုန် 
ကြပြီ ၊ ရွာတွေမှာ ဓာတ်ဆီ ၅ဂါလံကို ၇သောင်း 
၈သောင်း ဖြစ်သွားပြီ ။ 

ခုချိန်ထိတော့ လွိုင်ကော်က မပျက်သေးဘူး...
လွိုင်ကော်ပျက်ရင်တော့ ကယားပြည် အငတ်ဘေး
ဆိုက်မယ့် ကိန်းရောက်လာပါလိမ့်မယ်။

ပိုးဖလံလိုပဲ ပူမယ်ဆိုတာသိသိနဲ့ မီးပုံကို
ပတ်ပြီး ဝဲပျံနေကြတယ် ၊ ငရုပ်သီးစားရင်တော့
စပ်ကြမှာပါပဲ ။ စစ်ဘေးရှောင် ထောင်သောင်းချီရဲ့
စားဝတ်နေရေးကိစ္စတွေက နေ့စဥ်လိုအပ်ချက်
ဖြစ်လာပြီ ။ 

ပြည်သူ့အတွက်ဆိုပြီး ပြည်သူကိုဒုက္ခတောထဲ 
တွန်းပို့နေကြပြီ ။ ပြည်တွင်းစစ်ကာလတစ်လျှောက် 
ဘယ်လက်နက်ကိုင်ကမှကိုယ့် မြို့ ၊ ကိုယ့်ရွာကို 
အပျက်ခံပြီး တိုက်ကွက်မဖော်ခဲ့ကြဘူး ။ ရခိုင်မှာ
လည်း မြို့ပြတွေမှာတိုက်ပွဲ မဖန်တီးခဲ့ကြဘူး ။

ယနေ့ ကယားပြည်မှာ လက်နက်ကိုင်အဖွဲ့က
ပေါက်ပန်းလေးဆယ် ၊ ညီညွတ်မှုလည်းမရှိကြ၊
လူမျိုးကလည်း ပေါင်းစုံ ၊ ကချင်မှာ Kia က
သူ့ အောက်က အဖွဲ့တွေကို ထိန်းချုပ်နိုင်တယ်။
ဒါမလုပ်ရဆို မလုပ်ရဲကြဘူး ။ PDF တွေ ကချင်
မှာပေါက်လိုပဲစား ဘာမှမလုပ်ရဲဘူး ။ 

ကယားမှာကထိုကဲ့သို့မဟုတ် ။ 
အောက်ပြည်အောက်ရွာကနေရာမရှိတဲ့ PDF ပေါင်း
စုံက ကယားမှာရောက်နေကြတယ် ။ ကိုယ်အရပ်
ဒေသမဟုတ်တော့လုပ်ချင်တိုင်းလုပ်နေကြတယ် ။ 

သေချာတာတစ်ခုက
အေးချမ်းသွားရင် ကယားမှာ အခွံပဲကျန်ခဲ့ဖို့များ
တယ် ။ ကယားပြည်ရဲ့ဆိုးမွေ ကောင်းမွေအားလုံး
ကို ဒေသခံတွေပဲပြန်လည် ခံစားကြရမှာဖြစ်ပါ
တယ် ။

ဒီပုံစံအတိုင်းဆိုရင်တော့ 
သူလည်းကွဲ 
ကိုယ်လည်းကွဲနဲ့ ပျက်စီးခြင်းများဆီသို့သာ....

အေးချမ်းစေချင်တဲ့ စေတနာရှေ့ထားပြီး
ရေးသားခြင်းသက်သက်ပါ..
စော်ကားလိုစိတ်လုံးဝမရှိပါ..အေးချမ်းပါစေ..
ကယားမြေ 💙💜💙

crd. Sai Pam Pha
#KT

Post a Comment

Previous Post Next Post