​ထွေအုပ်ကို NLDပါတီ အရင်ကထဲက ပစ်မှတ်ထားခဲ့ပါတယ်

ဒုတိယဗိုလ်ချုပ်ကြီးကိုကို
ကျကျနနဖန်တီးခဲ့မှန်းသိတဲ့
အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနကို
အာဏာမရခင်ကထဲက
N.L.D တွေပစ်မှတ်ထားခဲ့ပါတယ်။

အာဏာလည်းရရော
ဦးကျော်ဆွေ (၂၂)ရဲ့
ပြည်ထဲရေးအောက်ကနေ

ထွေ/အုပ်ကို 
မင်းသူ (၂၀)လက်ထဲကို
အစီစဉ်အတိုင်း ပြောင်းရွေ့ခဲ့ပါတယ်။

ဝန်ထမ်းလောကမှာ
တကြိမ်တစ်ခါမှ မရှိခဲ့ဘူးတဲ့
ဒု/ဦးစီး ရာထူး တစ်ထောင့်နှစ်ရာ(၁၂၀၀)
{ ဌာနတွင်း၆၀၀ + ပြင်ပ ၆၀၀ } ကို
ခေါ်ခဲ့ပါတယ်၊ခန့်ခဲ့ပါတယ်။

ပြီးတော့မှ
နယ်မြေခံအမတ်၊စည်ပင်ဥက္ကဋ္ဌ
ထွေ/အုပ်နဲ့ N.L.D အမာခံတွေဟာ
fb group admin တွေနဲ့ ပူးပေါင်းပြီး
N.L.D အစိုးရ အုပ်ချုပ်ရေးကို 
မြေပြင်၊ ရပ်/ကျေးအဆင့်အထိ

ပါတီအာဘော်
ပါတီလမ်းညွှန်ချက်အတိုင်း
အကောင်အထည်ဖေါ်ခဲ့ကြပါတယ်။

အခု …
ဒီစာရေးနေတဲ့အချိန်အထိ
အဲ့ဒီဆက်ကြောင်း အဲ့ဒီကွန်ယက်တွေ
ခိုင်ခိုင်မာမာ သိုသိုဝှက်ဝှက်
ကျစ်ကျစ်လစ်လစ်ရှိနေတုန်းပါပဲ။

နိုင်ငံတော်
စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေနဲ့
မြေပြင်၊ရပ်/ကျေးအထိ ခရီးမပေါက်အောင်
အတွင်းစည်းကနေ နှောင့်ယှက်နေနိုင်တာ
အဲ့ဒီကွန်ယက်တွေကြောင့်ပါပဲ။

နစက ဟာ
အဲ့ဒီ ကွန်ယက်တွေကို
မသိတာ မဟုတ် သိပြီးဖြစ်တယ်။
တစပြီး တစ ဖျက်ဆီးလာတာကိုလည်း
တွေ့မြင်နေရပြီ ဖြစ်တယ် ။

ဒီတော့ကာ…
ပြောချင်တာက
အဲဒီ ကွန်ယက်တွေကို
အမြန်ဆုံး မဖျက်ဆီးနိုင်ရင်
ပြည်သူလူထုရဲ့ထောက်ခံမှု
တပ်မတော်ချစ်သူတွေရဲ့အသက်ပေး
ဘဝပေးပြီးအားပေးဝန်းရံမှုကို
မြန်မာ့တပ်မတော်အနေနဲ့
ဆုံးရှုံးရနိုင်ပါတယ်။

တပ်မတော်ချစ်သူတွေ
အားမလို အားမရ ဖြစ်နေရတာဟာ
အဲ့ဒီကွန်ယက်တွေကို ဖျက်ဆီးနေတာ
နှေးကွေးနေတဲ့ ဆိုးကျိုးကြောင့်ပါပဲ ။

အဲဒီကွန်ယက်တွေကို
အမြစ်ပါမကျန် နှုတ်ပစ်ဖို့ 
ဖျက်ဆီးပစ်နိုင်ဖို့ ဆိုတာကလည်း
တပ်ချစ်သူ ပြည်သူတွေ ပူးပေါင်းပေးဖို့က အဓိကလိုအပ်တယ်လို့ မြင်တယ် ။

အမျိုး ဘာသာ သာသနာနဲ့
နိုင်ငံတော် နှင့်၊နိုင်ငံသားတို့ပေါ်
စောင့်သိသော မှန်ကန်သောသစ္စာဖြင့်…

20220118:Thuya'AM

Post a Comment

Previous Post Next Post