တပ်မတော်နဲ့ ဂမ်ဘီယာအားပြိုင်ပွဲ


ဖေ ၂၁ ရက်နေ့တွင် ICJ ၌ ဂမ်ဘီယာက မြန်မာနိုင်ငံကိုတရားစွဲထားသည့် အမှုကို တပ်မတော်က သွားရောက် ရင်ဆိုင်မည်ဖြစ်ပါသည်။

DASSK အစား ဦးဝဏ္ဏမောင်လွင်က ဦးဆောင်ပြီး အဖွဲ့ဝင်အဖြစ် ဦးကိုကိုလှိုင်နှင့်ဒေါ်သီတာဦးတို့ပါဝင်သည့်ဦးဆောင်ကော်မတီက သွားရောက်ရင်ဆိုင်မည်ဖြစ်သည်။

DASSK ငှါးထားသည့် ရှေ့နေဝီလီယံရှားဘတ်စ်သည်လည်း အမှုလိုက်ပါခြင်းမပြုဟုဆိုသည်။

ပထမဦးဆုံးစဉ်းစားရမည်မှာ အမှုနှင့်ပတ်သက်သည့်အခြေအနေဖြစ်သည်။

DASSK အဖွဲ ပထမအကြိမ်အမှုရင်ဆိုင်စဉ်က
ရိုဟင်ဂျာဟူသည့် အသုံးအနှုန်းကို ကန့်ကွက်မှုမပြုခြင်း၊

ARSA အဖွဲ့က ရဲစခန်း ၃၀ ကျော်ကိုဝင်တိုက်၍ တပ်မတော်ကပြန်လည်တိုက်ခိုက်ရကြောင်း၊ အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် ဘင်္ဂါလီလူမျိုးများ ၎င်းတို့၏သဘောအလျောက်တစ်ဖက်နိုင်ငံသို့ ထွက်သွားခြင်းဖြစ်ကြောင်း ၊သက်ဆိုင်ရာဝန်ထမ်းများက ထွက်မသွားရန်တားဆီးသော်လည်း လက်မခံကြောင်း ၊ဘင်္ဂါလီလူမျိုးများသည် ၎င်းတို့၏ နေအိမ်ကို ၎င်းတို့ဖာသာ မီးရှိုခြင်း
ဖြစ်ကြောင်း ၊ မုဒိမ်းကျင့်သည်ဟုစွပ်စွဲချက်မှာလည်းလုပ်ကြံထွက်ဆိုခြင်းသာဖြစ်ကြောင်း ၊ အင်းဒင်ကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများကို အရေးယူပြီးပြီဖြစ်ကြောင်း၊ လူမျိုးတုန်းသတ်ဖြတ်မှုခံရသူများမှာ ရခိုင်ပြည်နယ်တွင် နေထိုင်သည့် ဟိန္ဒူလူမျိုး၁၀၀ ကျော်သာဖြစ်ကြောင်း DASSK ကသော်လည်းကောင်း ၊ ဝီလီယံရှားဘတ်စ်က သော်လည်းကောင်း၊ ဖြေရှင်းမပြုခဲ့သဖြင့် ယခု ဒုတိယအကြိမ် တရားရုံးတွင် တပ်မတော်က
တစ်ကမ္ဘာလုံးသိအောင် ဖြေရှင်းခွင့်ရပြီဖြစ်ပါသည်။


အကျိုးအမြတ်
*************

တရားရုံးသို့သွားရောက်ဖြေရှင်းခွင့်ရသဖြင့် မြန်မာနိုင်ငံအနေဖြင့် မြန်မာပြည်တွင် ရိုဟင်ဂျာတိုင်းရင်းသားမရှိကြောင်းကို ဦးကိုကိုလှိုင်က သက်သေအထောက်အထားများဖြင့် တင်ပြနိုင်၍ ရိုဟင်ဂျာလက်ခံရေး အငြင်းပွားမှုသည် ရပ်တန့်သွားမည်ဖြစ်သည်။

တပ်မတော်အနေဖြင့် ICJ သို့သွားရောက်ရင်ဆိုင်ခွင့်ရသဖြင့် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရမှာ နစက ဖြစ်ကြောင်း UN အပါအဝင် တစ်ကမ္ဘာလုံးက လက်ခံလာရတော့မည်သာဖြစ်ပါသည်။

KoThetKa

Post a Comment

Previous Post Next Post