မြန်မာနိုင်ငံကပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ ပြည်ပကနေဝင်ရောက်စွက် ဖက်မှုတွေမပါဘဲ ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ ရုရှားသမ္မတ Vladimir Putin က ဗုဒ္ဓဟူး နေ့မှာပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ တိုင်းရင်းသားလူမျိုးစုအရေးနဲ့ ဘာသာရေးဆိုင်ရာကွဲလွဲမှုတွေကို မြန်မာပြည်သူတွေကသာဖြေရှင်းသင့်ပြီး ပြည်ပကနေဝင်ရောက်ချယ်လှယ်တာမျိုးမရှိဘဲ ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ နိုင်ငံခြားသံတမန်တွေကိုလက်ခံတဲ့ အခမ်းအနားမှာ ရုရှား သမ္မတပူတင်က ပြောဆိုခဲ့တာပါ။
ထို့ပြင် ရုရှားနဲ့မြန်မာရဲ့ဆက်ဆံရေးဟာ အစဉ်အလာအရ ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေးဖြစ်ပြီး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေး၊ စစ်ရေး၊ နည်းပညာ၊ ပညာရေး စတဲ့ ကဏ္ဍတွေမှာ တိုးတက်လာအောင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ယုံကြည်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
#kt
Post a Comment