မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းတွင် မီးလောင်မှုဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းရှိ စက်ရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွါးနေ၍ လက်ရှိည ၁၁နာရီခွဲတွင်မီးငြိမ်းသတ်နေရဆဲဖြစ်သည်။
မီးလောင်မှုသည် ည၁၁နာရီခန့်တွင်စတင်ရာ ထောက်ကြန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ရွှေပေါက်ကံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွါငြှိမ်းသတ်လျက်ရှိနေသည်။
မီးသတ်တပ်ဖွဲ့က(၂၂ :၅၀)အချိန် Level 1 ယာဉ်အုပ်စု ထွက်ခွါငြှိမ်းသတ်လျက်ရှိပြီး
(၂၃ :၀၀)အချိန် Level 2 ယာဉ်အုပ်စု ထွက်ခွါငြှိမ်းသတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
Photo _Htin Lin Aung Facebook Page
Post a Comment