မကွေး၊ နိုဝင်ဘာ ၃၀
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အရောက်အပေါက်နည်းတဲ့ မကွေးတိုင်းအတွင်းက ကျေးရွာအချို့မှာ NUG လက်ပါးစေ အကြမ်းဖက်သမားတွေဟာ အကြမ်းဖက်လူသတ်၊ ဓားပြတိုက်၊ မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေတဲ့အတွက် ရွာသူရွာသားတွေ အိုးအိမ်နဲ့ လယ်ယာမြေတွေကိုစွန့်ခွာထွက်ပြေးကြရပါတယ်။
ထိုအခါမှာ အကြမ်းဖက်သမားတွေဟာ ရွာသူရွာသားတွေရဲ့ လယ်ယာစပါးတွေကို မတရား ရိတ်သိမ်းခိုးယူပြီး ဓာတ်ပုံရိုက်ကာ တောင်သူတွေကို ကူညီနေပါတယ်လို့ ၎င်းတို့ရဲ့ အကြမ်းဖက်မီဒီယာတွေကနေတစ်ဆင့် ဝါဒဖြန့်မှုတွေ ရှိနေတယ်လို့ ဒေသခံ တောင်သူတစ်ဦးက ပြောပါတယ်။
"ဘယ်လိုပြောရမလဲဆိုတော့ သူခိုးက နာမည်ကောင်းယူတယ်လို့ပဲ ပြောချင်တယ်။ တစ်နိုင်ငံလုံးမှာ လူသတ်အကြမ်းဖက်၊ ဓားပြတိုက်နေတဲ့ကောင်တွေက တောင်သူတွေကို ကူညီနေပါတယ်ဆိုတော့ ငပိန်းတွေကလည်း ယုံတာပဲ။ အဲ့တော့ ထွေထွေထူးထူးမပြောချင်တော့ဘူးဗျာ။ အဲ့ဒါ တောင်သူတွေကို ကူညီနေတာမဟုတ်ပါဘူး။ မတရား သိမ်းယူနေတာပဲဖြစ်ပါတယ်။" ဟု အမည်မဖော်လိုသူ ဒေသခံတောင်သူတစ်ဦးက MHT ကိုပြောပါတယ်။
#mhtnews
Post a Comment