ည ၁၀ နာရီ ကစပြီးလမ်းပေါ်
ရောက်ပါတယ်
ညမထွက်ရ အမိန့်စပြီးအသက်၀င်တဲ့
အချိန်ပေါ့
၁၁း၄၅ လောက်မှာ အိမ်စီးကားအဖြူ
လေးတစီး မောင်းလာတယ်
ကိုယ်တွေလုံခြုံရေးအဖွဲ့ကိုမြင်တော့
ရှေ့မီးကြီးပိတ်တယ် လက်တဘက်
ထောင်ပြတယ် မပစ်ပါနဲ့ဆိုတဲ့သဘော
လူလိုင်စင်
ယာဉ်လိုင်စင်
မှတ်ပုံတင်
ယာဉ်ပေါ် အားလုံးစစ်ဆေး
ရှင်းတယ် လိပ်စာမေး အိမ်ကိုဖုန်းခေါ်
မေး မှန်တယ်
အသက်၅၀ ၀န်းကျင် ညဘက်ကား
မောင်းလာတာ ပါဝါမျက်မှန်နဲ့ ၀တ်
ထားတဲ့ စပို့ရှပ်ချွေးစို့နေလို့အံ့သြမိ
ပစ်မိန့်ပေးထားတဲ့အချိန်မှန်းသိပါတယ်
တဲ့ နောက်ကျနေမှန်းသိပေမဲ့
အမေ အောက်ဆီဂျင်ကျနေလို့ ဘယ်က
အကူအညီများရမလဲ ကားမောင်းထွက်
လာမိတာတဲ့
ကိုယ်ပိုင်ကားနဲ့ဖြစ်ပြီတော့
အင်္ကျီ င်္ချွေးစို့နေတဲ့ပူပင်သောကကို
သဘောပေါက်မိတယ်
ဒီအတိုင်းဆက်သွားနေရင်မဖြစ်တော့
ဘူး ဆိုတာသိနေတော့
အကျိုးအကြောင်းရှင်းပြပြီး လူနာတင်ကားနဲ့
ချိတ်ဆက်ဆောင်ရွက်ပေးလိုက်တယ်
ဆိုလိုချင်တာက
တာ၀န်အရ စစ်ဆေးရင် ရပ်ပေးပါ
ပြည်သူစစ်မှန်ပါစေ ဘယ်စစ်သားမှ
အကြောင်းမဲ့ မပစ်ပါဘူး
အစစ်ဆေးမခံပဲ ပြေးလို့သာပစ်တာပါ
နောက်ဆိုရင်ပြေးရင် လည်းပစ်မှာပါပဲ
စစ်သားဆီကကျည်တတောင့်ထွက်ဖို့
ခိုင်လုံတဲ့အကြောင်းပြချက်ရှိရပါတယ်
အကြမ်းဖက်သမား နဲ့သွားလာလှုပ်ရှား
နေတဲ့ပြည်သူ မနီးမဝေးဆို ပစ်ခွင့်မရှိပါဘူး
အကြမ်းဖက်သမားမိဖို့ထက်
ပြည်သူမထိခိုက်ဖို့ အဓိကပါ
တနိုင်ငံလုံး လို့ပြောရင်
အရမ်းကြီးကျယ်သွားမှာပါ
ကိုယ်ရောက်နေတဲ့ ရပ်၀န်းထဲမှာရှိတဲ့
ဘုရား ကျောင်း ဆေးရုံ ရုံး ပြည်သူ
အားလုံးကို နေညမပြတ် ကိုယ်စွမ်း
ညဏ်စွမ်းရှိသ၍ ကာကွယ် စောင့်ရှောက်သွားမှာပါ
အမျိုးဒေ ချစ်တယ်နော်
Post a Comment