နိုင်ငံတကာဖိအားများကို ဂရုစိုက်စရာမလိုပါ

NLD, NUG, PDF. သုံးလွန်းတင်အကြမ်းဖက်အဖွဲ့ရဲ့ နိုင်ငံတော်နဲ့ပြည်သူအပေါ် ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်တွေ, အဲဒီအလုပ်တွေ လုပ်ဖို့, တိုက်တွန်းနေကြတဲ့သူတွေကို မသိချင်ယောင်ဆောင်မယ်၊ အကါအကွယ်, အထေါက်အပံ့ပေးမယ်၊ တည်ငြိမ်အေးချမ်းရေးနဲ့ နယ်မြေစိုးမိုး၊ ဥပဒေသက်ရောက်မှုရှိရေးဆောင်ရွက်သည့် လခရ.အဖွဲ့တွေကို အကြမ်းဖက် လုပ်ဆောင်နေပါတယ်...လို့ ပုံကြီးချဲ့၊ လိုသလို ဖွဲ့နွဲ့ပြောမယ်, ကမ္ဘာကို ဝါဒဖြန့်မယ်ဗျာ။ လေကြောင်းပစ်ကူသုံးရင် သုံးပြန်ပြီ, လက်နက်ကြီးနဲ့ပစ်ခဲ့ရင် ပစ်ပြန်ပြီ... ဘာညာ,ဘာညာ ငိုချင်းချကြလိမ့်မယ်ဗျာ ။
 တိုင်းပြည်မငြိမ်မသက်ဖြစ်အေါင်, စပြီး အကြမ်းဖက်တဲ့ သုံးလွန်းတင် (NLD+NUG+PDF) အစွန်းရောက်အဖွဲ့တွေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကျ ပြည်ဖုံးကားချ... ဘာမျှမလုပ်ခဲ့သလိုပုံမျိုးနဲ့ ပြောမယ်, ဝါဒဖြန့်မယ်ဗျာ။ တိုက်ပွဲသတင်း, ဓာတ်ပုံ, ဗီဒီယိုတွေကို, ပြည်တွင်းသစ္စာဖောက်တွေဆီကနေပြီး ရသလောက်စုမယ်, ပို့ခိုင်းမယ်ဗျာ။ ပြီးမှ ဖြတ်ညှပ်ကပ်လုပ်ပြီး တပ်မတော်ကို သိက္ခာချမယ်, စစ် ရာဇဝတ်မှုပုံစံမျိုး ဝင်အေါင် ထေါင်ချောက်ဆင်မယ်ဗျာ။
ကဲ..ဒီလိုလေသံတွေ နားထေါင်ကြည့်ယုံနဲ့ (ကျွန်တော်တို့ ဆန္ဒစောမိတဲ့သူများအကြိုက် မဲမဲမြင်သမျှ လိုက်ပစ်နေလျင်... သူတို့ဆင်တဲ့ဂွင်ထဲ ကား,ကနဲ ကျသွားမှာပါ) အဲဒီတေါ့ ဥပဒေဘေါင်အတွင်းက အကြမ်းဖက်နှိမ်နင်းနေရတာပါခင်ဗျာ။ ဥပဒေဘောင်အတွင်းမှ ဆေါင်ရွက်နေခြင်းဖြစ်၍ မည်သည့် နိုင်ငံတကာဖိအားကိုမျှ ကြောက်,ရွံ့ပြီး နောက်တွန့်လိမ့်မည်မဟုတ်ပါ။

#ဦးခင်မောင်မြင့်

Post a Comment

Previous Post Next Post