ရေစကြိုမြို့နှင့် အနီးဆုံးရှိ ပခန်းငယ် ရဲကင်းစခန်းကို ဒေသခံPDF အဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ပြီး လက်နက်အချို့ ယူဆောင်သွား
ပခုက္ကူ၊နိုဝင်ဘာ-၁၃(PeopleMedia)
မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ရေစကြိုမြို့အနီးရှိ ပခန်းငယ် ရဲကင်းစခန်းကို PDF အဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စခန်းကို မီးရှို့သွားသလို စခန်းရှိ သေနတ် နှစ်လက် နှင့် ကျည်အချို့ကို ယူဆောင်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရပါတယ်။
“ပခန်းငယ်ဆိုတာ ရေစကြိုမြို့နဲ့ အနီးဆုံးရှိတဲ့ ရဲကင်းစခန်းပါ။ပခန်းငယ် ရဲစခန်းရှေ့မှာ ချင်းတွင်းမြစ်ပဲရှိတယ်။နှစ်ဘက် အပြန်အလှန်ပစ်ပြီး ရဲက အင်အားနည်းတော့ ဆုတ်ပေးလိုက်ရတယ်။ ဆုတ်ပေးရချိန်မှာ စခန်းကို မီးရှို့ခံရတော့ ပြာကျသွားတယ်။လက်နက် နှစ်လက်နဲ့ ကျည်အချို့ ပါသွားတယ် ပြောတယ်”လို့ ဒေသခံများ၏ ပြောဆိုချက်အရ သိရပါတယ်။
ပခန်းငယ် ရဲစခန်းကို ယနေ့ မွန်းလွဲ တစ်နာရီ၌ ဒေသခံ ရေစကြို PDF အဖွဲ့အပါအဝင် PDF အဖွဲ့ လေးဖွဲ့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အဆိုပါ အဖွဲ့များက သတင်းထုတ်ပြန်ထားပါတယ်။
ရေစကြိုမြို့နယ်၌ ခမရ၂၅၆/၂၅၇/၂၅၈ အခြေစိုက်ရာ မြို့နယ်တစ်ခုဖြစ်ပြီး ယနေ့အချိန်ထိ ဒေသခံ PDF အဖွဲ့များ၏ လှုပ်ရှားမှုများကို တားဆီးနိုင်မှု မရှိသေးကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရပါတယ်။
“ရေစကြိုက တပ်နယ်မြေပါ။အခုနေ မွန်းလွဲပိုင်း ဝင်တိုက်သွားတာ။တပ်ကူမရောက်ခဲ့ဘူး။PDF ရဲ့ ထွက်ပေါက်က ချင်းတွင်းမြစ်ပဲ ရှိတယ်။”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
#PeopleMedia #ရေစကြိုPDF
Post a Comment