စစ်ဘက်နည်းပညာနှင့် စစ်လက်နက်နည်းပညာ
ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင်
တိုးမြှင့်ဆောင်ရွက် ရန် ရုရှား-မြန်မာတို့ နေပြည်တော်၌ ဆွေးနွေး
****************************************
13-11-2021
စစ်ဘက်နည်းပညာနှင့် စစ်လက်နက်နည်း
ပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင်
တိုးမြှင့်ဆောင် ရွက်နိုင်မည့်အခြေအနေများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးပူးတွဲကော်မရှင်ဥက္ကဋ္ဌ၊ FSMTC
of Russia ၏ ဒုတိယညွှန်ကြားရေးမှူး Mr.Vladi
-mir Drozhzhov နှင့် JSC “Rosoboronexport” ကုမ္ပဏီ မှ ဒုတိယညွှန်ကြားရေးမှူးချုပ်
Mr.A.L.Chekmarev တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည် ၊
နှစ်နိုင်ငံကာကွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ
ပူးပေါင်းမှု ဟု ခေါင်းစဥ်တပ်ထားတာ
အဓိပ္ပါယ် ကျယ်ဝန်းလှ
FSMTC ဘာလဲ....?
Federal Service for Military-Technical
Cooperation
Russia.
ရုရှားစစ်ဘက်ဆိုင်ရာ အကြီးစားထုတ်လုပ်မှု
ကော်ပိုရေးရှင်းကြီးဖြစ်ပါတယ် ၊ နိုင်ငံတကာ
ကို စစ်လက်နက်ဆန်းတွေ တင်ပို့ရောင်းချ ပြီး
ကြွယ်ဝချမ်းသာ တဲ့ နည်းပညာ ကော်ပိုရေး
ရှင်းဖြစ်ပါတယ် ၊ JSC "Rosoboronex port
Company ဆိုတာ FSMTC Product ရဲ့ ထုတ်
ကုန်တွေကို Distribution. လုပ်ပါတယ် ၊
စစ်လက်နက်တွေ ဒုံးပျံကအစ မူလီ အဆုံး
ထုတ်လုပ်ပါတယ် ၊ အောက်ပုံတွေ မှာ ပြထား
တဲ့ စစ်လက်နက်အားလုံး FSMTC မှ ထုတ်လုပ်
ပါတယ် ၊
ယခု မြန်မာကို လာသောရည်ရွယ်ချက်
နှစ်နိုင်ငံ စစ်ရေး မဟာမိတ် စာချုပ်အရ
စစ်လက်နက် တွေ စီးပွားရေးသုံး အရပ်ဘက်
ထုတ်ကုန်တွေ ပူးပေါင်းထုတ်လုပ်ဖို့ ဖြစ်ပါ
တယ် ၊ လျှပ်စစ်ကား ၊ လျှပ်စစ်ရထား ဆိုတာ
FSMTC ရဲ့ ပံပိုးမှု ဖြစ်ပါတယ် ၊ မြန်မာမှာ
အထိုင်ချပြီး စစ်ဘက် အရပ်သုံးယာဥ်တွေ
စက်မှုအရံ အပို ပစ္စည်းတွေ ထုတ်လုပ်မှာ ဖြစ်
ပါတယ် ၊
Energy...!
စွမ်းအင်ပိုင်းဆိုင်ရာတွေ ပူးပေါင်းပါမယ် ၊
အတည်တကျ စက်မှုဇုံကြီးတွေ တည်ဆောက်
ရေးက အစ. အသေးစိတ် ပါဝင်ပါတယ် ၊ ပျော်
ကြပေတော့ လို့ ဆိုပါရစေ ၊ လက်ရှိ အနေ
အထားကို ကြည့် မဆုံးဖြတ်ပါ နှင့် အနာဂတ်
မှာ မျိုးဆက်သစ်တွေ တခေတ်ဆန်း တင့်တယ်
လူရာဝင်ပါတော့မယ် ၊ အလုပ်တွေ ပေါလွန်းလို့
နိုင်ငံရပ်ခြား ထွက်စီးပွားရှာစရာမလိုတော့ပါ ၊
အဆိုးပြီးရင် အကောင်းလာပါတယ် ။
Otherside of Midnight ....!
Post a Comment