မြဝတီမြို့နယ်၌အကြမ်းဖက်Pdf သင်တန်းတက်ရောက်မည်သူ( ၁၁) ဦးအား လက်နတ်များနဲအတူပူးပေါင်းအဖွဲ့ကဖမ်းဆီးရမိ

မြဝတီမြို့နယ်၌အကြမ်းဖက်Pdf သင်တန်းတက်ရောက်မည်သူ( ၁၁) ဦးအား လက်နတ်များနဲအတူပူးပေါင်းအဖွဲ့ကဖမ်းဆီးရမိ

မြဝတီ၊ နိုဝင်ဘာ  ၁၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ နယ်၊ဝေါလေမြို့တွင် အများပြည်သူနှစ်မြိုခြင်းမရှိသော ပြည်တွင်း မတည်မညိမ်ဖြစ်စေရေးနှင့် ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်စေရေး ရည်မှန်းဦးတည်သည့် အကြမ်းဖက်သင်တန်းတက်ရောက်ရန် လာရောက်သော အကြမ်းဖက် PDF များအား နိုဝင်ဘာလ ၁၂ရက်နေ့၊ မွန်းလွဲ ၁နာရီခွဲခန့်က ဝေါလေမြို့အဝင် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိထံကသိရသည်။

မြဝတီမြို့နယ်ဘက်မှ ဝေါလေမြို့ဘက်သို့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲKNDO တပ်မဟာ (၆)၊ တပ်ရင်း (၁၆) မှ တပ်သားအဆင့်ရှိ လေးခို (ခ) မန်းစော၏ ခေါ်ဆောင်လာမှုဖြင့် အကြမ်းဖက်သင်တန်းတက်ရောက်ရန် လာရောက်ကြသော အသက် (၁၈) နှစ်မှ (၂၄) နှစ်ကြားရှိ ရန်ကုန်တိုင်းဒေသကြီးမှ (၆) ဦးနှင့် မြဝတီမြိုနယ်နေ (၃) ဦး၊ ယာဉ်မောင်းတစ်ဦး စုစုပေါင်း (၁၁) ဦးတိုအား ပစ္စတိုတစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ ကျည် (၁၇) တောင့်၊ အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် ဝေါလေမြို့၊ နယ်မြေရဲစခန်းတွင် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း - သူရိယနေမင်း

https://t.me/MyanmarNationalPost
www.mnpnewsagency.com

Post a Comment

Previous Post Next Post