မီဒီယာဂျီဟတ် ‘‘ မီဒီယာကို လက်နက်တစ်ခုအနေနဲ့ စွဲကိုင်ပြီးတိုက်တာ”
ဒီနေ့ဇူလိုင်လ ၁၂ရက်။ပြည်သူ့မှာတမ်းအမှတ် (၂)ရိုက်ကူးနေပါတယ်။ ခေါင်းစဉ်ကတော့ မီဒီယာဂျီဟတ်ပါ။ နိုင်ငံတစ်နိုင်ငံကို အစ္စလာမ်မိုက်ဇေးရှင်း လုပ်ဖို့ အရေးကြီးတဲ့ လက်နက်တစ်ခုက ဘာလဲဆိုရင် မီဒီယာပါပဲ။
အစ္စလာမ်မိုက်ဇေးရှင်းဆိုတာ အစ္စလာမ်ဇာတ်သွင်းတာကို ခေါ်ပါတယ်။ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်း အစ္စလာမ်မိုက်ဇေးရှင်းကတော့ လူတိုင်းနီးပါးသိကြပါတယ်။ ဗုဒ္ဓဘာသာဝင် မိန်းကလေးတစ်ယောက် သို့မဟုတ် ခရစ်ယာန်မိန်းကလေးတစ်ယောက်ကိုယူ၊ နမတ်ဖတ်၊ သူတို့အစ္စလာမ်ဘာသာခံယူမှ တရားဝင်မယားအဖြစ် အသိအမှတ်ပြုမည်ဆိုပြီးတော့ အစ္စလာမ်ဘာသာခံယူခိုင်း။ ဒါမျိုးကို ပုဂ္ဂိုလ်ချင်းအစ္စလာမ်မိုက်ဇေးရှင်းလုပ်တယ် လို့ခေါ်ပါတယ်။ နိုင်ငံတစ်နိုင်ငံလုံးကို အစ္စလာမ်မိုက်ဇေးရှင်းလုပ်တာကတော့ ဗုဒ္ဓဘာသာနိုင်ငံ သို့မဟုတ် ခရစ်ယာန်နိုင်ငံတစ်ခုကို အစ္စလာမ်နိုင်ငံဖြစ်အောင် လုပ်တာပါ။
အဲဒီလို နိုင်ငံတစ်နိုင်ငံကို အစ္စလာမ်မိုက်ဇေးရှင်းဖြစ်အောင် လုပ်ဖို့အတွက် မီဒီယာဟာ အရေးကြီးတယ်။ ဒါကြောင့် သူတို့တစ်တွေက မီဒီယာကို ဂျီဟတ် အဖြစ် သုံးစွဲကြတယ်။ လက်နက်ကောင်းတစ်ခုအဖြစ်နဲ့ သုံးစွဲကြတယ်။ သူများမကောင်းကြောင်း၊ ကိုယ့်ကောင်းကြောင်း တွေလွှင့်တယ်။ သူများအားနည်းချက်၊ကိုယ့်အားသာချက်တွေ လွှင့်တယ်။
အဲ့ဒီလိုပဲ စာရေးတဲ့အခါလည်း သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်းတွေရေးတယ်။ သူများအားနည်းချက်၊ ကိုယ့်အားသာချက်တွေ ရေးတယ်။ ဥပမာ ဆိုကြပါစို့ဗျာ။ မိတ္ထီလာမှာ အရေးအခင်းဖြစ်ကြတယ်။ တကယ့် အခြေခံအကြောင်းရင်းဖြစ်တဲ့ ဆရာတော်ဦးသောဘိတ အကြမ်းဖက်ခံရတာ၊ အသတ်ခံရတာကို ဘယ်မီဒီယာမှ မရေးကြဘူး။ စာလည်းမရေးဘူး။ ဓာတ်ပုံလည်း မထည့်ဘူး။ သူတို့ရေးတာက ရောင်းမှား၊ ဝယ်မှား ဒါပဲပေါ့။ ရောင်းမှား၊ ဝယ်မှားက ကိစ္စပြတ်သွားပြီလေဗျာ။ ဦးသောဘိတ အသတ်ခံရမှ အဓိကရုဏ်းဆိုတာ ပေါ်လာတာကိုး။ ဒါပေမယ့် မီဒီယာတွေရေးတာက တစ်ဖက်သတ်ပဲ။ ရောင်းမှား၊ ဝယ်မှားကိုပဲ အခြေခံပြီးတော့ဖြစ်တယ်။ မွတ်ဆလင် ဘယ်လိုသေတယ်။ ဘယ်လိုမီရှို့ခံရတယ်။ ဗလီတွေ ဘယ်လိုပျက်စီးတယ်။ ဆိုင်တွေဘယ်လို အဖျက်ဆီးခံရတယ် ဒါပဲ။
အဲ့ဒီလိုပဲ လာရှိုးမှာ အဓိကရုဏ်းဖြစ်ကြတဲ့အခါကျတော့ အဓိကရုဏ်းရဲ့ အကြောင်းရင်းဖြစ်တဲ့ မအေးဝင်း အကြမ်းဖက်ခံရမှုပေါ့။ အဲ့ဒါကို သေးသိမ်၊ မှေးမှိန်သွားအောင် လုပ်ကြတယ်။ ဓာတ်ဆီလောင်းမီးရှို့တဲ့ ကုလားနဲ့ မအေးဝင်းကပဲ လင်မယားတော်သလိုလို၊ သမီးရည်းစားတော်သလိုလို ရေးကြတယ်။ နောက်မွတ်ဆလင် ကုလားဖြစ်ပါလျက်နဲ့ ဟိန္ဒူကုလားဆိုပြီးရေးကြတယ်။ နောက်ကျတော့ စိတ်မနှံ့သူအဖြစ် ပြန်ရေးကြပြန်ရော။
ဆက်လက်ဖတ်ရှုရန် >>>>>
https://mnpnewsagency.com/13/11/2021/4445/
Post a Comment