လက်လုပ်သေနတ်တစ်လက်နှင့် ဆက်စပ်တရားခံများဖမ်းမိ
ဟင်္သာတမြို့ ၊ ဆကာရပ်ကွက်နေ
ဦးခိုင်စိုးထံတွင် လက်လုပ်သေနတ် ရှိနေကြောင်း သတင်းအရ စစ်ဆေးမေးမြန်းရာ ၂၀၂၁၊ မတ်လကုန်ခန့်တွင် သူငယ်ချင်းဖြစ်သူ ဖိုးဇော်၏ ဆက်သွယ်ပေးမှုကြောင့် အမည်မသိလူတစ်ဦးထံမှ
၎င်းလက်လုပ်သေနတ်အား
ငွေကျပ်(၂၈၀၀၀၀)ဖြင့် ဝယ်ယူခဲ့ပြီး၊ စက်တင်ဘာလ ၇ ရက်နေ့တွင်
သူငယ်ချင်းဖြစ်သူ ကျော်မိုးလှိုင်(ခ)သားကြီးမှ ငှားရမ်းသဖြင့်
လက်လုပ်သေနတ်နှင့်ကျည်ဆံ ၆တောင့်တို့အား ငှားရမ်းလိုက် ကြောင်း ထွက်ဆိုသည်။
အောက်တိုဘာလ ၁၀ ရက်နေ့တွင်
ကျော်မိုးလှိုင်(ခ)သားကြီးမှ ၎င်းသေနတ်နှင့် ကျည်ဆံများအား ခိုင်စိုးနှင့်သန်းဇော်ဌေး တို့ ၂ ဦးရှေ့တွင် ပြန်လည်ပေးအပ်ခဲ့ရာ
သန်းဇော်ဌေးမှ ကိုင်ဆောင်လိုသဖြင့် ယူဆောင်သွားကြောင်း သိရှိရပြီး
နေအိမ်သို့ သွားရောက်ရှာဖွေရာ
အောက်တိုဘာလ ၂၇ ရက်နေ့တွင်
ဟင်္သာတမြို့၊ ကင်းရပ်ကွက်၊ရွှေညောင်ပင်လမ်းနေ ဦးမောင်ချိုအား လက်လုပ်သေနတ်တစ်ဘက်နဲ့အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းလက်လုပ်သေတ်နတ်မှာ သံကိုယ်ထည်၊ သစ်သားဒင် ဖြင့်ပြုလုပ်ထားပြီး ဦးမောင်ချိုမှ နေအိမ်ရှိရေကန်ထဲတွင် ပစ်ချထားကြောင်း ဝန်ခံထွက်ဆိုပြီးနောက်
ရှာဖွေခဲ့ရာ သေနတ်တစ်လတ် ကိုသာ တွေ့ရှိခဲ့ရသည်။
TZO
Post a Comment