သြစတြီးယားနိုင်ငံမှ ဆောင်ကြာမြိုင်တစ်ခုက ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူဖောက်သည်များအား အခမဲ့ပျော်ခွင့်ပေးမည်ဟုဆို

သြစတြီးယားနိုင်ငံမှ ဆောင်ကြာမြိုင်တစ်ခုက ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူဖောက်သည်များအား အခမဲ့ပျော်ခွင့်ပေးမည်ဟုဆို

ဗီယင်နာ၊ နိုဝင်ဘာ ၁၃

သြစတြီးယား(Austria)နိုင်ငံရှိ ဆောင်ကြာမြိုင်တစ်ခုက ဖောက်သည်များအား COVID-19 ကာကွယ်ဆေးထိုးပေးမည်ဖြစ်ပြီး၊ ထိုသို့ထိုးပေးပြီးပါက ဆောင်ကြာမြိုင်အတွင်းရှိ ကလပ်တစ်ခုသို့ အခမဲ့ဝင်ရောက်ပျော်ပါးခွင့်လက်မှတ်တစ်ခုပေးမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ Fun-palast ဟူသည့် ဆောင်ကြာမြိုင်က ထိုသို့ကြေညာလိုက်ခြင်းဖြစ်သည်။

သူတို့ဆီတွင် ကာကွယ်ဆေးထိုးပြီးသူ ဧည့်သည်တို့အနေဖြင့် အတွင်းရှိ Sauna Club တွင် မိနစ် ၃၀ ကြာ ဆက်ရှင်တစ်ခု အခမဲ့ရရှိမည်ဖြစ်ပြီး၊ အမျိုးသမီးများနှင့် တွေ့ဆုံပျော်ပါးခွင့်ရမည်ဟုလည်းဆိုထားသည်။ သူတို့ဆီတွင် ယခုနိုဝင်ဘာလမှစတင်၍ တနင်္လာနေ့တိုင်း ညနေ ၄ နာရီမှ ည ၁၀ နာရီအထိ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်သည်။

သြစတြီးယားနိုင်ငံတွင် လူဦးရေ၏ ၆၅ ရာခိုင်နှုန်းမျှသာ ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးကြကြောင်းသိရသည်။ ယခု အစီအစဉ်သည် ကာကွယ်ဆေးထိုးနှံသူအရေအတွက် များပြားရေးအတွက် အထောက်အကူပြုစေရန် စီစဉ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ ဆောင်ကြာမြိုင်မှ တာဝန်ရှိသူကပြောသည်။

သြစတြီးယားနိုင်ငံတွင် COVID-19 ကူးစက်မှု ပြန်လည်မြင့်တက်လျှက်ရှိပြီး နိုဝင်ဘာ ၁၁ ရက်နေ့က ကူးစက်သူအသစ် ၁၁၇၉၈ ဦးစစ်ဆေးတွေ့ရှိခဲ့သည်။

ကိုးကား
Brothel in Austria provides Covid-19 vaccinations for customers - and offers free entry to 'sauna club' to anyone who gets jabbed
Photo - Reuters

Post a Comment

Previous Post Next Post