ခြောက်ဘီးကားပေါ်ကနေ သိန်း ငါးထောင်ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးနဲ့ဘိန်းဖြူတွေဖမ်းမိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နောင်ချိုမြို့နယ်က လားရှိး-မန္တလေးသွားကားလမ်းရဲ့ အိုရီယမ်တယ်တိုးဂိတ်နားမှာ မူးယစ်ဆေးဝါးတွေသယ်လာတယ်ဆိုတဲ့သတင်းအရ ခြောက်ဘီးကားပေါ်ကနေ ကျပ်သိန်း ၅၄၀၀ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေနဲ့ဘိန်းဖြူတွေကို နိုဝင်ဘာ ၁၁ ရက်မွန်းတည့် ၁၂ နာရီလောက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲဝင်တွေက လားရှိးကနေ နောင်ချိုဖက်ကို ကိုလတ်(၃၀) နှစ်မောင်းပြီး အိုက်ပန်း(၂၄)နှစ်လိုက်လာတဲ့ ခြောက်ဘီးကားကိုတားဆီးစစ်ဆေးရာမှာ ကားပေါ်ကနေ စိတ်ကြွဆေး ၁၂၀၀၀၀ ပြားနဲ့ဘိန်းဖြူ ၃၂ ဒသမ ၄၅ ကီလို(တန်ဖိုး ကျပ်သိန်း ၅၄၀၀)ကိုဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းမိသူနှစ်ယောက်ကိုစစ်ဆေးချက်အရ မူးယစ်ဆေးဝါးတွေသယ်ခိုင်းတဲ့ အိုက်လာ(၂၀)နှစ်ကို ထပ်ဖမ်းမိခဲ့ပြီး မူးယစ်ဆေးဝါးတွေဟာ မန္တလေး တိုင်းကိုပို့ဆောင်မှာဖြစ်တယ်လို့ စစ်ဆေးသိရှိခဲ့ရပါတယ်။
ဖမ်းမိတဲ့ သုံးယောက်ကို သက်ဆိုင်ရာရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ထားပြီးစစ် ဆေးနေပါတယ်။
Post a Comment