ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ်မစ္စတာဆာဆာကာဝါ မြန်မာနိုင်ငံသို ရောက်ရှိနေ
ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ်လည်းဖြစ်၊နီပွန်ဖောင်ဒေးရှင်းဥက္ကဌလည်းဖြစ်သည့် မစ္စတာဆာဆာကာဝါ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်။
ရခိုင်အရေးနှင့် ပတ်သတ်ပြီး ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးဟုပါ လူသိများသည့် မစ္စတာဆာဆာကာဝါရောက်ရှိလာမှုကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက အတည်ပြုထားပြီး နစကဥက္ကဌနှင့် တွေ့ဆုံရန်လည်းရှိနေသည်။
မစ္စတာ ဆာဆာကာဝါရောက်ရှိလာခြင်းနှင့် ပတ်သတ်ပြီး ဂျပန်သံအမတ်ကြီးက မစ္စတာဆာဆာကာဝါသည် မြန်မာနိုင်ငံအပေါ် တကယ်ကို သံယောဇဉ်ရှိသည့် ပုဂ္ဂိုလ်ဖြစ်ကာ မြန်မာနိုင်ငံရေးအရှုပ်အထွေးကို နားလည်မှုရှိသောကြောင့် ယခု ခရီးစဉ်မှတဆင့် ဂျပန်- မြန်မာဆက်ဆံမှု ပိုပြီး တိုးတက်မှုကို မျှော်လင့်နေကြောင်း VOAသတင်းဌာနကို ဖြေကြားထားသည်။
တိုင်းရင်းသားပါတီအချို့နှင့်ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ်မစ္စတာဆာဆာကာဝါ တို တွေ့ဆုံရန်ရှိနေသည့် သတင်းများလည်းကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျှက်ရှိနေသည်။
Post a Comment