ရုရှား-မြန်မာ စစ်ဘက်နည်းပညာ၊စစ်လက်နက်နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်
နိုဝင်ဘာ ၁၂ ရက်က နစက ဥက္ကဋ္ဌနဲ့ ရုရှား-မြန်မာစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲတို့ နေပြည် တော်က ဘုရင့်နောင်ရိပ်သာမှာတွေ့ဆုံစဥ်က ရုရှား-မြန်မာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ရှိရင်းစွဲဖြစ်သည့် စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ဖို့ အပါအဝင် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြပါတယ်။
မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် အဆင့်မြှင့်တင်ရာမှာ ရုရှားက လူသားအရင်းအ မြစ်ဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ အခြေအနေကို ဆွေးနွေးခဲ့ကြသည်။
အလားတူ စစ်ဘက်နည်းပညာနဲ့စစ်လက်နက်နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ နှစ်နိုင်ငံကာကွယ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းမှုတွေကိုလည်း ဆွေးနွေးကြပါတယ်။
နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာပူးပေါင်းဆောင် ရွက်မှုတွေကိုလည်း ကဏ္ဍပေါင်းစုံမှာတိုးမြှင့်ဆောင်ရွက်နိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
Post a Comment