အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးထားသည့် ဆရာတော်ဦးဝါသဝအား NLD, PDF အကြမ်းဖက်သမားများက လူမှုကွန်ရက်မှ လှုံ့ဆော်ခြိမ်းခြောက်လျက်ရှိ
ကန့်ဘလူ၊ နိုဝင်ဘာ ၁၅
ကန့်ဘလူမြို့နယ်၊ မြေထူးကျေးရွာအုပ်စု၊ မှော်တော်ကျေးရွာမှ ဆရာတော်ဦးဝါသဝသည် NLD, PDF အကြမ်းဖက်သမားများ၏ ရန်ပြုစော်ကား သတ်ဖြတ်မှုများကြောင့် အတိဒုက္ခရောက်နေရသည့် တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာမှ အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးလျှက်ရှိရာ NLD, PDF အကြမ်းဖက်သမားများက ဆရာတော်ကို ပစ်မှတ်ထား၍ လူမှုကွန်ရက်ပေါ်မှ လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။
တပ်မတော်အကြီးအကဲများက ဆရာတော်၏ ကျောင်းတွင် အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးထားသည့်အပေါ် NLD, PDF အကြမ်းဖက်အုပ်စုက စော်ကားရေးသားမှုများဖြင့် လှုံ့ဆော်ဝါဒဖြန့်နေခြင်း ဖြစ်သည်။
NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများသည် ၎င်းတို့အား ထောက်ခံအားပေးခြင်း မရှိသည့် ဆရာတော်များကို လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိရာ ဆရာတော်ဦးဝါသဝကိုလည်း ၎င်းတို့ကို အားပေးထောက်ခံခြင်း မရှိသည့်အပေါ် အောက်တန်းစားစကားလုံးများဖြင့် တိုက်ခိုက်စော်ကား ထားသည်ကို တွေ့မြင်ရသည်။
ဆရာတော်၏ ကျောင်းတွင် မိသားစုဝင်များကို NLD, PDF အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြခြင်းကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် အသက်လု၍ ထွက်ပြေးခဲ့ရသော အကြမ်းဘေးရှောင် ပြည်သူ (၆၀)ကျော်ကို ကာကွယ်စောင့်ရှောက်ပေးထားခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
Post a Comment