ထန်းတပင်မြို့၊လုံခြုံရေး ရဲကင်းကို သေနတ်ဖြင့် ပစ်ခတ်သူများမှ ပါဝင်သူ နှစ်ယောက်အသေ၊တစ်ဦး အရှင်ဖမ်းမိထား
ရန်ကုန်၊နိုဝင်ဘာ-၁၅(PeopleMedia)
ရန်ကုန်တိုင်းဒေသကြီး၊ထန်တပင်မြို့၊တာဆုံရှိ စစ်ဆေးရေး ရဲကင်းကို ပစ်ခတ်သွားခဲ့သည့် ဖြစ်စဉ်၌ ပါဝင်ပတ်သက်သူများမှ နှစ်ဦး အသေ၊တစ်ဦးအရှင် ဖမ်းမိထားကြောင်း PeopleMedia က လတ်တလော သိရပါတယ်။
အဆိုပါ သေနတ်သမားများက ယာဉ်ပေါ်မှ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ဦးကျဆုံးခဲ့ပြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရဲကင်းပစ်ခတ်မှု၌ ပါဝင်သူများသည် ပစ်ခတ်မှု၌ အသုံးပြုခဲ့သည့် ယာဉ်ကို လမ်းဘေး ရေမြောင်ထဲသို့ ထိုးချထားခဲ့ပြီး နောက်ထပ်ယာဉ်တစ်စီးဖြင့် ဧရာဝတီတိုင်းဘက်သို့ ဆက်လက်ထွက်ခွာခဲ့သည်။
ထို့နောက် ယနေ့ညနေပိုင်းက ပြောင်းလဲအသုံးပြုခဲ့သည့် ယာဉ်ဖြင့် ရန်ကုန်မြို့သို့ အဝင် တိုးဂိတ်၌ လုံခြုံရေးအဖွဲ့များက မော်တော်ယာဉ်များကို စစ်ဆေးနေစဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး နှစ်ဦးအသေ၊သုံးဦး အရှင် ဖမ်းဆီးနိုင်ကြောင်း သိရသည်။
ဆက်လက်ဖော်ပြမည်။
#PeopleMedia #ညောင်တုန်း
Post a Comment