နေပေါ်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေဖြစ်၊ ကမ္ဘာကို ဒီနေ့ရိုက်ခတ်

နေပေါ်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေဖြစ်၊ ကမ္ဘာကို ဒီနေ့ရိုက်ခတ်

နေပေါ်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်နေပြီး၊ အဲဒီပေါက်ကွဲမှုတွေကနေ ထွက်ပေါ်လာတဲ့ အင်မတန်ပြင်းထန်တဲ့ စွမ်းအင်လှိုင်းတစ်ခုဟာ ကမ္ဘာဂြိုဟ်ကို ဒီနေ့ရိုက်ခတ်လာပါတယ်လို့ အာကာသမိုးလေဝသပညာရှင်တွေကပြောပါတယ်။ ဒါကြောင့် ကမ္ဘာ့နေရာတချို့မှာ ရေဒီယိုဆက်သွယ်မှု၊ ထုတ်လွှင့်မှုတွေ ပြတ်တောက်နိုင်တယ်လို့လဲ ဆိုပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက နေရဲ့ အေရှ့မြောက်ဖက်မှာ အလတ်စားပြင်းထန်မှု M2 အဆင့်ရှိတဲ့ နေမီးတောက်ကြီးတွေပေါက်ကွဲပေါ်ထွက်လာတာကြောင့်အဲဒီလိုဖြစ်ရတာပါ။ အဲဒီပေါက်ကွဲမှုတွေကြောင့် မျှော်လင့်မထားတဲ့ စွမ်းအင်ဖြာထွက်မှုဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ GMT စံတော်ချိန် ညနေ ၅နာရီ ၁မိနစ်(မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီ ၃၅ မိနစ်)မှာ ကမ္ဘာကို စတင်ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုနေပေါ်မှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေတာကိုလဲ အမေရိကန်အာကာသလေ့လာရေးအေဂျင်စီ(NASA)က ဓာတ်ပုံမှတ်တမ်းတွေရိုက်ယူခဲ့ပါတယ်။

ကိုးကား
Solar flare hits Earth, causing a blackout as the Sun unleashes a strong  energy explosion
Photo: NASA

Post a Comment

Previous Post Next Post