တန့်ဆည်မြို့ ကျွန်းလယ်ကျေးရွာရှိ တံတားနှင့် စာသင်ကျောင်းကို NLD, PDF အစွန်းရောက် အကြမ်းဖက်သမား ဖောက်ခွဲဖျက်ဆီးရန် စီစဉ်နေကြပြီး ကပဲကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ နေအိမ်များကို ဝင်ရောက်တိုက်ခိုက် လုယက်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်
တန့်ဆည်၊ နိုဝင်ဘာ ၁၃
တန့်ဆည်မြို့နယ် ပေရင်းကျေးရွာတွင် NLD, PDF အစွန်းရောက် အကြမ်းဖက်သမား ၄၀ခန့် စုဝေးနေသဖြင့် အခြားသော ရွာသားများက NLD, PDF များ အကြမ်းဖက်လာလျှင် ပြန်လည်ခုခံနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြကြောင်း သိရသည်။
အလားတူ တန့်ဆည်မြို့နယ်၊ ကျွန်းလယ်ကျေးရွာရှိ တံတားနှင့် ရွာစာသင်ကျောင်းကို NLD, PDF အကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီးရန် လုပ်ဆောင်နေကြောင်း သိရသည်။
ထို့အပြင် တန့်ဆည်မြို့နယ်၊ ကပဲကျေးရွာမှာ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ နေအိမ်များကို ဝင်ရောက်တိုက်ခိုက် လုယက်ရန် စီစဉ်ဆောင်ရွက်နေသည်များကို သတင်းကြားသိရသဖြင့် ဒေသခံများ စိုးရိမ်လျက်ရှိသည်။
တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများသည် အခြားသော ပါတီအဖွဲ့ဝင်များအပေါ် လူမဆန်စွာ ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့ကြသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
Post a Comment