ချောင်းဆုံမြို့နယ် NLD အကြမ်းဖက်ပါတီရုံးတွင် ပေါက်ကွဲမှုဖြစ်
ချောင်းဆုံ၊ နိုဝင်ဘာ ၁၃
ယနေ့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ NLD အကြမ်းဖက်ပါတီရုံးတွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း အကြမ်းဖက်လှုံ့ဆော်မီဒီယာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
ချောင်းဆုံမြို့နယ်တွင် NLD အကြမ်းဖက်ပါတီကို ထောက်ခံအားပေးသူနည်းပါးပြီး NLD အစိုးရလက်ထက်က ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်တပ်ခဲ့သည့်အပေါ် ဒေသခံများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။
NLD မြို့နယ်ရုံးတချို့တွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ထားဝယ်မြို့နယ်ရှိ NLD ရုံးတွင် ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုမှာ NLD အကြမ်းဖက်ပါတီဝင်များအချင်းချင်း ပြဿနာပေါ်ပေါက်ပြီး ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
Post a Comment