နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နစကဥက္ကဋ္ဌတို့ဆွေးနွေး

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် စပ်လျဉ်းပြီး  မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နစကဥက္ကဋ္ဌတို့ဆွေးနွေး 

နစကဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ H.E.Mr.Yohei SASAKAWA တို့ နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာတွင် ယနေ့ နိုဝင်ဘာလ ၁၃ရက်နေ့လည်ကတွေ့ဆုံကြရာတွင်   နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍  အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု နစကက သတင်းထုတ်ပြန်သည်။

ယင်းအပြင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စ ရပ်များနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများလည်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဂျပန် နိုင်ငံမှကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများပါ ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့်အတူ နီပွန်ဖောင်ဒေးရှင်းအမှုဆောင်အရာရှိချုပ် Mr.Yuji MORI နှင့် အဖွဲ့ဝင်များ ပါဝင်သည်ကိုတွေ့ရသည်။

မစ္စတာ ဆာဆာကာဝါရောက်ရှိလာခြင်းနှင့် ပတ်သတ်ပြီး ဂျပန်သံအမတ်ကြီးက မစ္စတာဆာဆာကာဝါသည် မြန်မာနိုင်ငံအပေါ် တကယ်ကို သံယောဇဉ်ရှိသည့် ပုဂ္ဂိုလ်ဖြစ်ကာ မြန်မာနိုင်ငံရေးအရှုပ်အထွေးကို နားလည်မှုရှိသောကြောင့် ယခု  ခရီးစဉ်မှတဆင့် ဂျပန်- မြန်မာဆက်ဆံမှု ပိုပြီး တိုးတက်မှုကို  မျှော်လင့်နေကြောင်း VOAသတင်းဌာနကို ဖြေကြားထားသည်။

မစ္စတာဆာဆာကာဝါနှင့် တိုင်းရင်းသားပါတီအချို့တို့ တွေ့ဆုံရန်ရှိနေသည်ဆိုသော သတင်းများလည်းကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျှက်ရှိနေသည်။

Post a Comment

Previous Post Next Post