ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက် ကယ်ဆယ်ရေးလေယာဉ် ပြေးဆွဲပေးမည်
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက် ဒီဇင်ဘာလအတွင်းမှာ ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ် ၃ကြိမ်ပျံသန်းပြေးဆွဲဖို့ စီစဉ်နေတယ်လို့ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ သိရပါတယ်။
ကယ်ဆယ်ရေးလေယာဉ်တွေကို ဒီဇင်ဘာ ၂ ရက်၊၁၆ရက်နှင့် ၂၃ရက်တို့မှာ ပျံသန်းပြေးဆွဲပေးမယ်လို့လည်း သိရပါတယ်။
လိုက်ပါလိုသူမြန်မာနိုင်ငံသားတွေအနေနဲ့ ဂျပန် နိုင်ငံရှိ လေယာဉ်လက်မှတ်အရောင်းစင်တာများ၊ရန်ကုန်မြို့ရှိ All Nippon Airways (ANA) ကုမ္ပဏီ၊ဖုန်းနဲ့ပါတ်-၉၅-၁၉၂၅၅၁၀၀ နှင့် ၉၅-၁၉၂၅၅၁၀၁ တို့ကို ဆက်သွယ်ပြီး ရုံးချိန် အတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူနိုင် ကြောင်း အသိပေးကြေငြာထားပါတယ်။
လေယာဉ်လက်မှတ်ဝယ်ယူရန်မှာလည်း နရီတာ-ရန်ကုန် တိုက်ရိုက်လက်မှတ်တစ်မျိုးတည်းကိုသာ ဝယ်ယူရန်လိုအပ်ပြီး အခြားနိုင်ငံများမှတဆင့် သွားရောက်ရန်ဝယ်ယူထားသော လက်မှတ် များကို လက်ခံမှာမဟုတ်ဘူးလိုလည်း ဆိုပါတယ်။
ANA လေယာဉ်လက်မှတ်များဝယ်ယူပြီးပါက လေယာဉ်လက်မှတ်နှင့်အတူ နိုင်ငံကူးလက်မှတ်မိတ္တူ၊ဂျပန်နိုင်ငံသို စတင်ရောက်ရှိသည့်ရက်စွဲ၊ဂျပန်နိုင်ငံ၌ နေထိုင်ခွင့်ကဒ်၊ဂျပန်နိုင်ငံရှိ ဆက်
သွယ်ရန်ဖုန်း၊ပြန်လည်ထွက်ခွါလိုသည့်အကြောင်းအရင်း၊မြန်မာနိုင်ငံရှိ ဆက်သွယ်ရန်လိပ်စာတိုကို ဖြည့်စွက်ပြီး ဒီဇင်ဘာ ၂ရက်နေ့ ခရီးစဉ် အတွက် နိုဝင်ဘာ ၁၆ရက်တွင် လည်းကောင်း၊ဒီဇင်ဘာ ၁၆ရက်ခရီးစဉ်အတွက် နိုဝင်ဘာ ၂၉ရက်တွင်လည်းကောင်း၊ ဒီဇင်ဘာ ၂၃ရင်ခရီးစဉ်အတွက် ဒီဇင်ဘာ ၆ရက်နေ့တွင်လည်းကောင်း နောက်ဆုံးထားပြီး တိုကျိုမြို၊မြန်မာသံရုံး၏flight@myanmar-emba-ssy-tokyo-net သို အရောက်ပေးပို့ရမည်ဖြစ်ကြောင်း သံရုံးကထုတ်ပြန်ထားပါတယ်။
Post a Comment