CIA တဲ့လား?


CIA ဝန်ထမ်းတစ်ယောက်က ထိုင်းနိုင်ငံကခေါင်းဆောင်
တွေနဲ့တွေ့တော့ ဘာလား? ညာလား? ပေါ့။
ထိုင်းနဲ့ပေါင်းပြီး PDF တွေ KNU တွေကိုထောက်ပံ့
တော့မယ် ၊ လက်နက်တွေသွင်းတော့မယ် ၊ ထိုင်းနိုင်ငံက
သစ္စာမရှိဘူး ။ ဘာဖြစ်တယ် ၊ ညာဖြစ်တယ်ပေါ့။

မှန်ပါတယ်။ ထိုင်းက မြန်မာအပေါ် ဘုရင့်နောင်အကြွေး
အယုဒ္ဓယအကြွေးဆပ်ဘို့ ရှိတာကိုး။နောက်ပြီးရှေးဘုရင်
တွေလက်ထက်ကတည်းက ဘုရင်တွေအားနည်းရင်
ကျိုင်းတုံကို ကျူးကျော်ဘူးတဲ့ရာဇဝင်၊တပ်မတော်အင်
အားနည်းချိန်မှာ ကရင်ပြည်နယ်ကိုကျူးကျော်ဘူးတဲ့
သမိုင်းကြောင်းလည်းရှိတာကိုး။ သတိထားသင့်တာပေါ့။

ဒါပေမဲ့ တစ်အားကြီးလည်း စိုးရိမ်ပြနေဘို့မလိုဘူးထင်ပါ
တယ်။ဘာကြောင့်လဲဆိုတော့ ထိုင်းမှာလည်း ထိုင်းအပူက
ရှိနေတာကိုး။ ထိုင်းက အမေရိကန်ကို ငယ်ကြောက်ဆို
တော့ CIA လာလည်း တွေ့မှာပဲ၊တရုတ်လာလည်းလက်
ခံမှာပဲလေ။

CIA ဘာကြောင့်လာတာလဲလို့ ပြောပါဆိုရင်!
ထိုင်းမှာ ဟိုတစ်လောက ဒေါ်လာအတုထုတ်တဲ့ စက်တွေ
ပလိပ်ပြားတွေနဲ့ဒေါ်လာအတုတွေတွေ့တယ်မဟုတ်လား။
ဒေါ်လာအစစ်နဲ့ခွဲမရလောက်အောင်တူတယ်လို့တစ်ချို့က
ပြောကြတယ်။

US ပြည်တွင်းမှာဆိုရင်တော့ FBI ကလိုက်မှာပေါ့။
ပြည်ပဆိုတော့ CIA ကလိုက်မှာပေါ့။

ဘာလို့လဲ ဆိုတော့ လက်ရှိအနေအထားအရ ဒေါ်လာက
နိုင်ငံတကာသုံးငွေဖြစ်နေတာကိုး။ဒေါ်လာအတုတွေအများ
ကြီးထွက်ရင် ဒေါ်လာအစစ်တန်ဘိုးတွေစျေးကျကုန်မှာ
ပေါ့။နောက်ပြီး ဒီဒေါ်လာအတုတွေကို တရုတ်ကလုပ်တာ
လားဆိုတဲ့ အတွေးလည်းရှိမှာပေါ့။

နောက်တစ်ချက်က
ရုရှားက မြန်မာပြည်ကိုရောက်လာမဲ့ S500 ။အရှေ့
တောင်အာရှမှာတော့ မြန်မာပြည်မှာပဲရှိမယ်ထင်တယ်။
ဘကုန်းမှာတောင်မရှိလောက်ဘူး။အိန္ဒိယကတော့
ဟိုတစ်လောကမှ ရုရှားဆီကဝယ်တယ်ကြားတာပဲ။

ပြောချင်တာက
ဒီနေ့ ဒီအချိန်မှာ အာဆီယံ ၁၀ နိုင်ငံဟာ OIC အောက်က
နိုင်ငံ ၊ US အောက်က နိုင်ငံ နဲ့ တရုတ်အောက်ကနိုင်ငံ
ဆိုတာပဲရှိတယ်။ ရုရှားရဲ့ မိတ်ဖက်နိုင်ငံဆိုလို့ အခုမြန်မာ
ပဲရှိတယ်။အဲ့ဒီတော့ ရုရှားကလည်း OICအောက်က ၊
US အောက်က ၊ တရုတ်အောက်က နိုင်ငံတွေကို သူ့ရဲ့
မဟာမိတ်အဖြစ်လုပ်စေချင်မှာပေါ့။

လုပ်တဲ့နည်းလမ်းက လွယ်ပါတယ်။ သူ့ရဲ့ စွမ်းအားနဲ့
မြန်မာပြည်ရဲ့ စီးပွားရေးအင်အား၊ စစ်ရေးအင်အား
တောင့်တင်းအောင်လုပ်ပြမယ်။ မြန်မာပြည်က ရုရှားရဲ့
မော်ဒယ်လ်ပေါ့။သူလုပ်ပြလိုက်လို့ အချိန်တိုအတွင်းမှာ
မြန်မာပြည်ဟာစီးပွားရေးကောင်းလာမယ်၊စစ်ရေးအင်
အားကောင်းလာမယ်ဆိုရင် တရုတ်အောက်၊ USအောက်
ရောက်နေတဲ့နိုင်ငံတွေ ရုရှားအောက်ရောက်လာမှာပေါ့။

ဒါကြောင့် CIA လည်း မနေသာပဲ ထိုင်းကို အပြေး
ရောက်လာရတာပေါ့။


Post a Comment

Previous Post Next Post