၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူအချို့သည်
NLD ပါတီကို ရိုးသားစွာ ထောက်ခံမဲပေးခဲ့ခြင်း၊
NLD အမတ် ၁၀၀ ကျော်မှာ CRPH နှင့် NUG
တွင် ပူးပေါင်းပါဝင်မှု မရှိကြောင်း လက်မှတ်ရေးထိုး
ထားခြင်းတို့ကြောင့် NLD ပါတီကို ဖျက်သိမ်းခြင်းမပြုဘဲ
၂၀၂၁ ရွေးကောက်ပွဲတွင်ပါဝင်စေလိုသည့် ဆန္ဒ
တပ်မတော်တွင်ရှိသည်ဟု ကျနော်ယူဆသည်။ ထိုယူဆ
ချက်မှာ ကျနော်၏ ပုဂ္ဂလိက ယူဆချက်ဖြစ်ပါသည်။
ထို့ကြောင့် ဆာဆာကာဝါက NLD ပါတီခေါင်းဆောင်
များဖြစ်သည့် ဒေါ်စုစုလွင် ၊ ဦးအောင်ရှင်နှင့်ဒေါ်စန္ဒာမင်း
တို့အား သွားရောက်တွေ့ဆုံသည့်အခါ နစက အနေဖြင့်
တားမြစ်ခြင်း မပြုခဲ့ပါ။
သို့ရာတွင်
၂၀၂၃ ရွေးကောက်ပွဲတွင် NLD ပါတီကို ပါဝင်စေချင်
သည့် နိုင်ငံတကာ၏ ဆန္ဒ ၊ တပ်မတော်၏မျှော်မှန်းချက်များကို NLDပါတီဝင် လွှတ်တော်အမတ်ဟောင်း ဗဟိုအလုပ်ကော်မတီ
ဝင် ဦးအောင်ကြည်ညွန့်က ဖျက်ဆီးလိုက်သည်။
ဦးအောင်ကြည်ညွန့်က ပြည်တွင်းပြည်ပ သံတမန်များ
အနေဖြင့် ဗဟိုအလုပ်ကော်မတီဝင်များနှင့်ဆက်သွယ်မှ
သာလျှင် တရားဝင်ကြောင်း ပြောဆိုသဖြင့် ယခု
ဆာဆာကာဝါက ဒေါ်စုစုလွင်၊ ဦးအောင်ရှင်နှင့်ဒေါ်စန္ဒာမင်း
တို့နှင့်တွေ့ဆုံမှုများသည် တရားမဝင်သည့် သဘောသက်
ရောက်နေသည်။
ထို့ကြောင့်
၂၀၂၃ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့်ရွေးကောက်
ပွဲမဝင်နိုင်ခဲ့လျှင် မဝင်နိုင်အောင် ဆောင်ရွက်ခဲ့သည့်
အဓိက တရားခံမှာ ဦးအောင်ကြည်ညွန့်သာ ဖြစ်ပါသည်။
Post a Comment