အာဆီယံကို ခေါက်ထားလိုက်ပါ


အာဆီယံကိုဝင်ခြင်းအားဖြင့် အဓိကရတဲ့အကျိုးအမြတ်
က ကိုယ့်နိုင်ငံကထုတ်တဲ့ ကုန်ပစ္စည်းတွေကို အခြား
အာဆီယံနိုင်ငံတစ်နိုင်ငံကို သွားရောင်းရင် အဲ့ဒီနိုင်ငံကို
အခွန်မဆောင်ရဘူး။အခွန်ကင်းလွတ်ခွင့်ရတယ်။

လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ ဘာကုန်ပစ္စည်းမှ
မထုတ်လုပ်နိုင်သလို တစ်ခြားနိုင်ငံကိုလည်း သွားမရောင်း
နိုင်ဘူး။ ဒါကြောင့် အခွန်ကင်းလွတ်ခွင့်ဆိုတဲ့အခွင့်အရေး
ကို မြန်မာပြည်ကမရဘူး။ 
ဒါကြောင့် အာဆီယံတက်ရခြင်း / မတက်ရခြင်းဆိုတာ
အရေးမပါပါဘူး။

အင်ဒို ၊မလေး၊ဘရူးနိုင်းနဲ့စကာင်္ပူက ဘာလို့ မတက်စေ
ချင်တာလဲ?။ အဓိကက သူတို့ရဲ့ ICJ မျှော်လင့်ချက်
ပျက်သွားလို့ပါ။

ဒုတိယက အထူးသဖြင့် စကာင်္ပူနဲ့မလေးရဲ့အကျိုးစီးပွား
ကို ထိခိုက်စေလို့ပါ။

လက်ရှိအနေအထားအရ တောင်တရုတ်ပင်လယ်နဲ့
ပစ္စဖိတ်ဘက်ကလာတဲ့ သဘောင်္တွေဟာ စကာင်္ပူနဲ့မလေး
ကြားမှာရှိတဲ့ မလက္ကာရေလက်ကြားကိုဖြတ်ပြီးမှ အိန္ဒိယ
သမုဒ္ဒရာကိုရောက်မယ်။

တကယ်လို့ မြန်မာပြည်တနသာင်္ရီတိုင်းနဲ့ ထိုင်းနိုင်ငံကို
ဖြတ်ပြီး တူးမြောင်းကို တူးပြီးပြီဆိုရင် အဲ့ဒီသဘောင်္တွေ
ဟာ မလက္ကာရေလက်ကြားကို မဖြတ်ဘဲ တူးမြောင်းက
နေ ဖြတ်ရင် အချိန်ကုန်သက်သာမယ်။ကုန်ကျစရိတ်သက်
သာမယ်။ တူးဖြစ်မတူးဖြစ်က ထိုင်းနိုင်ငံအပေါ်မူတည်
နေတယ်။ဘာကြောင့်လဲဆိုတော့ ထိုင်းတောင်ပိုင်းက
မြောက်ပိုင်းနဲ့မတူလို့ပဲ။ အဲ့ဒီတူးမြောင်းသာတူးဖြစ်ခဲ့မယ်
ဆိုရင် စကာင်္ပူနဲ့မလေးရဲ့အနာဂတ်ဟာ မြောင်းထဲရောက်
သွားမယ်။

တတိယအချက်ကတော့
ရုရှားဟာ မြန်မာပြည်မှာစီးပွားရေးလာလုပ်မယ်။
အထူးသဖြင့် သူတို့ရဲ့နည်းပညာနဲ့ လက်နက်ထုတ်လုပ်
ရေးတွေကို လုပ်မဲ့အနေအထားရှိတယ်။

လိုအပ်တဲ့ လျှပ်စစ်အတွက် နူဓာတ်ပေါင်းဖိုရှိတယ်။
သံနဲ့သံမဏိအတွက် ပင်းပက်နဲ့မြင်းခြံရှိတယ်။ဘာလိုသေး
လဲ။ အရင်က လက်နက်စျေးကွက်ကို တရုတ်၊US က
လက်ဝါးကြီးအုပ်ထားတာ။ အခု ရုရှားက မြန်မာပြည်မှာ
လက်နက်စက်ရုံတည်ဆောက်ပြီး လက်နက်တွေရောင်း
မယ်ဆိုရင် မြန်မာပြည်ရဲ့ အနာဂတ်စီးပွားရေးဟာ
သဘာဝသယံဇာတတွေ အပေါ်မှီခိုစရာ မလိုတော့ဘူး။

မြန်မာပြည်က လူငယ်တွေဟာ ပြည်ပသွားပြီး အလုပ်
ကြမ်းသမားအလုပ်တွေ လုပ်စရာ မလိုတော့ဘူး။
သဘာဝသယံဇာတတွေကို ထုတ်လုပ်မှု ရပ်ဆဲလိုက်တဲ့
အတွက် သဘာဝသယံဇာတခွဲဝေမှုနဲ့ပတ်သက်ပြီး
တိုင်းရင်းသားတွေနဲ့ စိတ်ဝမ်းကွဲနေမှုတွေ နည်းသွား
လိမ့်မယ်။

ဒါကြောင့် ကျနော်တို့ တိုင်းရင်းသား ၁၃၅ မျိုးသာ
ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်မယ်ဆိုရင် တပ်ချုပ်ကြီး
ပြောတဲ့ နောက်ဆယ်နှစ်ပါပဲ။

ဒါကြောင့်
အာဆီယံကို ခေါက်ထားလိုက်ပါ။


Post a Comment

Previous Post Next Post