သတင်းစာရှင်းလင်းပွဲတွေမှာ ၊FB ပေါ်မှာ
တောင်းဆိုကြတယ်။
NLDပါတီဖျက်သိမ်းဘို့။
အကြောင်းပြချက်က -
OIC ၊US နဲ့ ဂျော့ဆိုးရောစ်တို့ဆီက ထောက်ပံ့ငွေယူလို့။
မဲမသမာမှု လုပ်လို့။
EAOs တွေနဲ့ဆက်သွယ်လို့။
အကြမ်းဖက်အဖွဲ့အစည်းဖြစ်လို့။
ကော်မရှင်နဲ့နစက ကမဖျက်ပေးတော့ မကျေနပ်ကြဘူး။
ဘာကြောင့် မဖျက်ပေးနိုင်သေးတာလဲ?
OIC ၊ US နဲ့ ဂျော့ဆိုးရောစ်တို့ဆီက ငွေယူပါတယ်ဆို
တဲ့ သက်သေခံအထောက်အထားမရဘူး။
နှုတ်သက်သေခံပဲ ရနိုင်မယ်။
မဲမသမာမှုလုပ်တာက NLD ပါတီဝင်အားလုံးလုပ်တယ်
ဆိုတဲ့အထောက်အထားမရနိုင်ဘူး။
အခု ကော်မရှင်က အထောက်အထားရတဲ့သက်သေခံ
တွေအပေါ်မူတည်ပြီး DASSK အပါအဝင် ဦးလှသိန်း
တို့ကို တရားစွဲထားသလို မဲနှစ်ခါပေးတဲ့သူတွေကိုလည်း
စွဲဘို့ ညွှန်ကြားပြီပြီ။
EAOs နဲ့ ဆက်သွယ်လို့ ၊ အကြမ်းဖက်အဖွဲ့အစည်း
ဖြစ်လို့ဆိုတာကလည်း NLD ပါတီဝင်အားလုံးဖြစ်တာ
မဟုတ်သလို NLD ပါတီ ဗဟိုကော်မတီက အမိန့်ပေးပြီး
ခိုင်းတာမဟုတ်ပဲ NLD အမတ်အချို့ပါဝင်ဖွဲ့စည်းထား
တဲ့ CRPH နဲ့ NUG က ခိုင်းတာ။
ဒါကြောင့် NLD ပါတီကို ဖျက်လို့မရသေးလို့
ကော်မရှင်က နစက အစိုးရက မဖျက်သေးတာ။
အခု ဖျက်လို့ရသွားပြီ။
ဘာကြောင့်လဲ?
CRPH နဲ့ NUG မှာပါတဲ့ ဦးအောင်ကြည်ညွန့်ကNLD
ဗဟိုအလုပ်ကော်မတီ နဲ့ဆက်သွယ်မှ တရားဝင်တယ်လို့
ပြောလို့။
သူ့ရဲ့အပြောအရဆိုရင် ဖေ ၁ ရက်နောက်ပိုင်းမှာ
ထုတ်တဲ့ NLD ပါတီ ဗဟိုက အမိန့်တွေဟာ ပြည်ပ
ရောက်နေတဲ့ CRPH နဲ့ NUG ကထုတ်တဲ့ အမိန့်တွေ
ဖြစ်တယ်ဆိုတဲ့ သဘောသက်ရောက်နေလို့။
ကျနော် ရေးဘူးတယ် " တရားခံ " ဆိုတဲ့ ခေါင်းစဉ်နဲ့။
အခု " အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီ "
က UEC ကို စာတင်ပြီ။
ခြေဥ ၄၀၅ ၊ ၄၀၇ အရ
NLD ပါတီကို ဖျက်သိမ်းပေးဘို့။
ဆီမီးအိမ်
Post a Comment