NUG က သူတို့ပြန်တက်လာရင် CDM ဝန်ထမ်းနှစ်သိန်းလောက်ကို နေရာပြန်ပေးမယ်။ Non CDM တွေကို ဖြုတ်မယ်ဆိုတာမျိုး ကြွေးကြော်တယ်။ အဲဒီအချက်က အရူးချီးပန်းပြောတာပါ။ မြန်မာနိုင်ငံမှာ ဝန်ထမ်းက တပ်၊ ရဲ မပါ တစ်သန်းလောက်ရှိတယ်။ CDM ဝန်ထမ်းသုံးသိန်းလောက်ဆိုပေမဲ့ ပြန်ဝင်တာတစ်သိန်းကျော်ရှိတယ်။ လိုအပ်သွားတဲ့နှစ်သိန်းကျော်နေရာလည်း ဝန်ထမ်းအသစ်တွေ SAC ခန့်နေတာ တပ်ကဆေးကျတွေခန့်နေတာ အများကြီးပဲ။
ထားပါတော့။ NUG တကယ်ပြန်တက်ပြီး NLD အာဏာရသွားတယ်ဆိုပါစို့။ တည်ဆဲအစိုးရတစ်ရပ်က ခန့်သွားတဲ့ တရားဝင်နိုင်ငံ့ဝန်ထမ်း ၁ သန်းလောက်ကို ဘယ်ပြစ်ချက်နဲ့ ဖြုတ်ထုတ်သတ်လုပ်မလဲ။ ဆိုပါစို့။ ငါတို့မဲခိုးတယ်ဆိုပြီး SAC အာဏာယူထားတုန်းက ငါတို့ကို မထောက်ခံလို့ဆိုပြီး NUG ဘဝနဲ့ သူတို့လေလှိုင်းထဲက ထုတ်ခဲ့တဲ့ ညွှန်မှုး၊ ညွှန်ချုပ် အရာထမ်းတွေ ၁ သိန်းလောက် ထုတ်ပစ်မလား။ နိုင်ငံတကာမှာ စောက်ရူးဖြစ်သွားမယ်။ စာမတတ် ပေမတတ် လုပ်ရည်ကိုင်ရည်မရှိသူတွေ ထပ်တက်လာလို့ လက်ရှိလူတွေထက် ပိုညံ့သူတွေ စု
လာလို့ အစိုးရယန္တရား Shutdown ဖြစ်သွားမယ်။ ပြီးတော့ CDM လုပ် လက်နက်ကိုင်လို့ တရားဝင်လုပ်ထုံးလုပ်နည်းအရ ဖြုတ်ထုတ်သတ်လုပ်ထားတဲ့ နိုင်ငံ့ဝန်ထမ်းမပီသတဲ့ NLD ဝန်ထမ်း CDM နှစ်သိန်းလောက်ကို ဘယ်လိုပုံစံနဲ့ ခန့်မလဲ။ အာဏာရူးပြီး ထဘီခြုံဝန်ကြီးဌာနဖွဲ့မှပဲ ဒီ CDM နှစ်သိန်းလောက်ကို ပြန်ခန့်နိုင်လိမ့်မယ်။
အစိုးရလုပ်ဖူးတဲ့ ပါတီ။ ကမ္ဘာ့အတော်ဆုံးဆိုတဲ့ ဒီမိုကရေစီအိုင်ကွန်ဟောင်း အရိယာကြီးခေါင်းဆောင်နေတဲ့ ပါတီကြီးက မဖြစ်နိုင်တဲ့ ပေါက်ပန်းလေးဆယ်တွေပြောနေမဲ့အစား ဖြစ်နိုင်ခြေ
တစ်ခုတော့ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ NUG နဲ့ PDF ကို ထောက်ပံ့လို့ အကြမ်းဖက်ထောက်ပံ့မှုနဲ့ နိုင်ငံပိုင်သိမ်းခံရတဲ့ အိမ်တွေ ခြံတွေ တိုက်ခန်းတွေ အခုဆို ရာနဲ့ချီရှိလာနေပြီ။ ဒီ အိမ်တွေ ခြံတွေကို NUG အာဏာရလာရင် ပြန်ပေးမယ်ကြေညာလိုက်။ ဒီလို ကြေညာချက်မျိုးကမှ ဖြစ်နိုင်တယ်လို့ ပြောလို့ရဦးမယ်။ ဒါတောင် နစက က အခု သိမ်းထားတာတွေကို လေလံပေးပြီး တင်ဒါပေးပြီး အပြတ်ရောင်းသွားတာမျိုး၊ အစိုးရယန္တရားအတွက် လိုအပ်တဲ့အဆောက်အအုံသုံးလိုက်တာမျိုး၊ NLD, PDF တွေ ဖျက်ဆီးလိုက်တဲ့ ရဲစခန်းတွေ၊ ရပ်ကျေးရုံးတွေ၊ ကျောင်းတွေအဖြစ် သုံးလိုက်တာမျိုးဆို သေအောင် တောင်းလည်း ပြန်ပေးလို့ရမှာမဟုတ်ဘူး။ ပြီးတော့ နိုင်ငံရေးလုပ်လို့ တည်ဆဲအစိုးရတစ်ရပ်ကို ပုန်ကန်လို့ အသိမ်းခံရတဲ့ ခြံတွေ အိမ်တွေကို ဘယ်အစိုးရတက်တက် ပြန်ပေးတယ်လို့ ထုံးစံမရှိဘူး။ နမူနာပြောရရင် ၁၉၈၈ အရေးအခင်းနဲ့နောက်ပိုင်း နိုင်ငံရေးလုပ်လို့ အစိုးရကို ပုန်ကန်လို့ နဝတ၊ နအဖ သိမ်းခဲ့တဲ့ အိမ်တွေခြံတွေကိုတောင် NLD အစိုးရတက်လာချိန် ပြန်ပေးခဲ့တာမရှိဘူး။ သူတို့ဘက်ရပ်တည်လို့ အိမ်ခြံအသိမ်းခံရသူတွေကို မြေစျေးချိုချိုနဲ့ ပြန်ရောင်းပေးတာမရှိဘူး။ သူတို့သာ အစိုးရဖြစ်တယ်ဆိုပြီး သူတို့အတွက်နဲ့ NLD ပါတီအတွက်ပဲ နိုင်ငံပိုင်မြေတွေ အောက်စျေးနဲ့ယူပြီး ကိုယ်ကျိုးရှာသွားခဲ့ကြတာ။
Post a Comment