(၅၉) ကြိမ်မြောက် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၅၉) ကြိမ်မြောက် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
 
နေပြည်တော်၊ နိုဝင်ဘာ ၂၉

(၅၉) ကြိမ်မြောက် အာရှ - အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian - African Legal Consultative Organization-AALCO) အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ယနေ့မှ စတင်၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ အဆိုပါ အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အတူ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Li Keqiang တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဤအစည်းအဝေးကို ကိုဗစ်-၁၉ ကာလအတွင်း ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အစိုးရအဖွဲ့၊ AALCO အတွင်းရေးမှူး ချုပ်ရုံးနှင့် အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Wang Yi ကို အထူးကျေးဇူးတင်ရှိပါကြောင်း။
ဆက်လက်ဖတ်ရှုရန် >>>>>
https://mnpnewsagency.com/29/11/2021/5562/

Post a Comment

Previous Post Next Post