Omicron သည် ကမ္ဘာတစ်ဝန်းအတွက်စိုးရိမ်ရမှုသည် "အလွန်မြင့်မား"သည့် အဆင့်ရှိကြောင်း WHO အကဲဖြတ်သုံးသပ်

Omicron သည် ကမ္ဘာတစ်ဝန်းအတွက်စိုးရိမ်ရမှုသည် "အလွန်မြင့်မား"သည့် အဆင့်ရှိကြောင်း WHO အကဲဖြတ်သုံးသပ်

ဂျီနီဗာ၊ နိုဝင်ဘာ ၂၉

အသစ်တွေ့ရှိသော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ Omicron နှင့်ဆက်စပ်သည့် ကမ္ဘာတစ်ဝန်းအတွက်စိုးရိမ်ရမှုသည် "အလွန်မြင့်မား"သည့် အဆင့်တွင်ရှိကြောင်း WHO က အကဲဖြတ်လိုက်ကာ၊ ကမ္ဘာတစ်ဝန်း ထပ်မံပျံ့နှံ့နိုင်ခြေမှာလည်း မြင့်မားနေကြောင်း ယနေ့ပြောကြားလိုက်သည်။

"Omicron တွင် ကြိုတင်ခန့်မှန်း၍ မရနိုင်သော ဗီဇပြောင်းလဲမှုများရှိနေပြီး၊ ယင်းတို့အနက်မှ အချို့သည် ကပ်ရောဂါနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာ ရိုက်ခတ်မှုများဖြစ်ပေါ်လာနိုင်သည့် အလားအလာရှိကြောင်း" ကိုလည်း WHO ကဆိုသည်။ "အလုံးစုံခြုံငုံသုံးသပ်ရပါက ယင်းဗိုင်းရပ်စ်မျိုးကွဲသစ်၏ စိုးရိမ်ရေမှတ်သည် အလွန်မြင့်မားသည်" ဟု သုံးသပ်ကောက်ချက်ချထားသည်။

ကမ္ဘာ့နိုင်ငံများအနေနှင့် ဗိုင်းရပ်စ်ကူးစက်နိုင်ခြေမြင့်မားသည့် အစုများအား ကာကွယ်ဆေးထိုးနှံပေးမှု အရှိန်အဟုန်မြှင့်ရန်နှင့် ကူးစက်မှုလျော့ပါးသက်သာရေးအတွက် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများ မွမ်းမံပြင်ဆင်ထားရန်ကိုလည်း WHO က တိုက်တွန်းသည်။

ကိုးကား
WHO: Overall global risk of Omicron is 'very high

Post a Comment

Previous Post Next Post