ဒီနေ့ Khit Thit Media မှာ ပြည်သူများကို
လူမဆန်စွာ သတ်ဖြတ်နှိပ်စက်နေသည့်
ဒုဗိုလ်မှူးကြီး မျိုးမင်းထွန်းနှင့် စရဖ ၃ ပွင့်
ဝေဖြိုးအောင် ဆိုပြီး လုပ်ကြံရေးသားထားတဲ့
Post တစ်ခု တင်ထားတာ တွေ့ရပါတယ်။
ဒီဖြစ်စဉ်ထဲမှာပါတဲ့ ဒုတိယဗိုလ်မှူးကြီး
မျိုးမင်းထွန်းဆိုတာ မြိတ်မှာရှိတဲ့ တိုက်/စည်း
ကျောင်း ကျောင်းအုပ်ကြီးဖြစ်ပါတယ်။
သင်တန်းကျောင်းဖြစ်လို့ အမြဲလိုလို သင်ကြားရေး
နှင့် အုပ်ချုပ်ရေးလုပ်ငန်းတွေနဲ့သာ အလုပ်ရှုပ်နေ
လေ့ရှိပြီး ခြေလျင်တပ်လည်းမဟုတ်တဲ့အတွက်
ဒီလို ဖမ်းဆီးတာ၊ စစ်ဆေးတာ စတဲ့တာဝန်တွေ
သူ့ကို အထက်ကလည်း တာဝန်မပေးသလို လိုက်
လုပ်စရာလည်း အကြောင်းမရှိပါဘူး..
အခုဟာက Personal မလိုမုန်းထား အာဃာတ
တွေနဲ့ လုပ်ကြံဖန်တီးရေးသားထားခြင်းသာ
ဖြစ်ပါတယ်။
ဖမ်းဆီးတာ၊ စစ်ဆေးတာတွေ လုပ်ရမယ်ဆိုလျင်
တောင်မှ သူကိုယ်တိုင်ဝင်လုပ်စရာမလိုပါဘူး၊
သူ့လက်အောက်မှာ အရာရှိ/စစ်သည်တွေ အများ
ကြီးရှိတဲ့အတွက် ကြိုက်တဲ့သူကို တာဝန်ပေးစေ
ခိုင်းလို့ရပါတယ်။
အခုဟာကတော့ မီဒီညာတွေရဲ့ ထုံးစံအတိုင်း
တပ်မတော်ဂုဏ်သိက္ခာကျဆင်းအောင်နှင့်
လူပုဂ္ဂိုလ်တစ်ဦးအပေါ် Personal မလိုမုန်းထား
မှုကြောင့် တမင်လုပ်ကြံဖန်တီးရေးသားထားခြင်း
ဖြစ်ကြောင်း သိသာလွန်းလှပါတယ်။
#Banyunt
#KT
Post a Comment