FOMO ဝင်နေတဲ့အနီထုကြီး
===================
FOMO ဆိုတာ Fear Of Missing Out ပါ၊ သူတစ်ပါးတွေပျော်ရွှင်နေ၊လှုပ်ရှားလည်ပတ်နေ၊ကုသိုလ်ပြုနေတာကို မလုပ်နိုင်လို့၊လုပ်ခွင့်မရလို့၊လုပ်ခွင့်မသာလို့မလုပ်ရတဲ့လူတွေက ကြိတ်မနိုင်ခဲမရအသားလွတ်မနာလိုဒေါသထွက် အကုသိုလ်ပွားနေတာကိုခေါ်တဲ့ အသုံးအနှုန်းတစ်ခုပါ၊ စိတ်ပါဝင်စားသူများ အကျယ်ကိုအင်တာနက်မှာရှာဖတ်ပါ။
ဒီကာလမှာ NLD/CRPH/NUG/PDF ကိုထောက်ခံတဲ့လူတွေဟာ social media ပေါ်မှာ လူထုကိုမလည်ပတ်ကြဖို့၊မပျော်ရွှင်ကြဖို့၊ဘုရားမသွားဖို့၊ကုသိုလ်ရေးမလုပ်ကြဖို့တိုက်တွန်းကြပါတယ်။
သူတို့ပြောတာလက်မခံပဲ social event တွေလုပ်မိပြီ၊ လူတွေစုပြီး ပျော်ပါးတာ၊ဘုရားသွား၊ကျောင်းတက်တာလုပ်ရင် အသားလွတ်ဝင်ဆဲကြပါတယ်။
လည်ပတ်ပျော်ပါး၊ ဘုရားဖူးလာတဲ့လူတွေ ခလုတ်ထိ ဆူးငြိပြီဆိုရင် အပေါ်က FOMO ဝင်နေတဲ့အနီထုကြီးက အသားလွတ်ဝမ်းသာကြပါသေးတယ်။
မကြာသေးခင်ရက်ပိုင်းအတွင်းက event လေးနှစ်ခုလောက်နဲ့သက်သေပြုပါရစေ။
ရခိုင်မှာ ဘုရားဖူးကားမှောက်ပြီး လူတွေအသက်အန္တရာယ်ထိခိုက်တယ်၊ အဲ့သတင်းအောက်မှာ Haha ပေးကြသူရာပေါင်းများစွာကို ကြည့်ကြည့်တဲ့အခါ အနီထုနဲ့ဆက်စပ် profile/စာ တင်ထားသူတွေက ၉၀% ပါ။
အသက်ဆုံးရှုံးရသူတွေက သူတို့မုန်းတဲ့စစ်သားတွေလည်းမဟုတ်ပါဘူး၊ ဒီကာလမှာထွက်တဲ့ ဘုရားဖူးကားမို့လို့ အသက်ဆုံးရှုံးရတာကိုဝမ်းသာတာပါတဲ့။
အလားတူ မွန်ပြည်နယ်က ဘုရားဖူးတွေရေလမ်းမှာ အသက်ဆုံးရှုံးရတာတွေအတွက် ဒီ profile ပိုင်ရှင်တွေကပဲ ဝမ်းသာအယ်လဲ လှောင်ပြောင်နေကြပြန်ပါတယ်။
မွန်ပြည်နယ်က NLD လွှတ်တော်အမတ်ဟောင်း တစ်ယောက်တောင်ပါသေးသဗျ။
FOMO ဝင်နေတဲ့အနီထုကြီးဟာ သူတို့မပျော်တဲ့အချိန်မှာသူများပျော်ရင် လက်ခံနိုင်စွမ်းလုံးဝမရှိတဲ့အဆင့်ရောက်နေပါပြီ။
သူတို့မုန်းတဲ့စစ်သားတွေလည်းမဟုတ်၊ သိကျွမ်းပုံလည်းမရ မြင်ဖူးကြားဖူးခြင်းလည်းမရှိ၊ ရန်ငြိုးလည်းမရှိတဲ့လူတွေ ဘုရားဖူးရင်း အတိတ်ကံကြောင့်ပျက်စီးရရင်တောင် အသားလွတ်ဝမ်းသာတဲ့အဆင့်ရောက်နေပါပြီ။
Mental Disorder ဟာမြန်မာပြည်မှာ ဂရုမူရမယ့်ကျန်းမာရေးပြဿနာတစ်ရပ်ဆိုတာ မြင်ရတဲ့သက်သေတစ်ခုပါ။
ထူးခြားတာတော့ FOMO ကအနီထုကြားထဲမှာပဲ အထူးဖြစ်ပွားနေတာကတော့ စိတ်ဝင်စားစရာပါ။
ကိုယ်နဲ့ရန်ငြိုးမရှိတဲ့လူတွေ ရုတ်တရက် ခန္ဓာစဲသွားတာကို ပျော်နေတဲ့လူတွေက သူတို့ကိုသူတို့တော့ ဓမ္မဘက်တော်သား လို့ပြောကြတာတော့ဆန်းပါရဲ့ဗျာ။
Post a Comment